DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် ၇ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးသေဆုံး၊ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့
DVB
·
November 21, 2024
မြင်းခြံတွင် ၇ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးသေဆုံး၊ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ၇ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၃၆ ယောက် သေဆုံးပြီးနောက် စစ်ကောင်စီတပ်သားတွေက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့တောင်ဘက် ၅ မိုင်အကွာကို စစ်ကောင်စီတပ်သား အင်အား ၅၀၀ လောက်က ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီး ကွမ်းစိုက်ကျေးရွာမှာ ထိတွေ့တိုက်ပွဲ ၃ ရက်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကနေ ၁၈ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု၊ မြင်းခြံ ခမရ ၁၅ ကလည်း ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှာလည်း စစ်ကောင်စီတပ်က ကွမ်းစိုက်ရွာနဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ခြေဆေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Myingyan Black Tiger-MBT တပ်ဖွဲ့ တာဝန်ရှိသူက “တပ်တွင်းဖရဲသီးကနေ တဆင့်စုံစမ်းခဲ့တာပေါ့။ အလောင်းတွေက မြင်းခြံဆေးရုံကြီးမှာ။ ဒဏ်ရာရတဲ့သူတွေကတော့ မိတ္ထီလာဆေးရုံကြီးမှာပေါ့။ တပတ်တာ တိုက်ပွဲအတွင်း ၃၆ ယောက် သေပြီးတော့မှ ၄၀ ကျော် ဒဏ်ရာရတာပေါ့။ စစ်ကြောင်းက အခုချိန်ထိ ရှိနေတုန်းပဲ။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်မလို့ ခေါင်းဆိုင်ထားတုန်းပဲ။ ကွမ်းစိုက်နဲ့ ခြေဆေးရွာကို မီးရှို့ပြီး ရွာသားတွေလည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်ကြားတယ်၊ အတည်တော့ မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုမှာ MBT တပ်ဖွဲ့၊ Popa Guerilla Force (PGF)၊ မြင်းခြံခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ အမှတ် ၈၁၅ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ စွန်ရဲပြောက်ကျားတပ်၊ SPY ပြောက်ကျားတပ်၊ နှလုံးလှလူမိုက်တပ်ဖွဲ့တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013