DVB Logo
Home
မြန်မာသတင်း
နှစ်ရှည် ထောင်ဒဏ်ကျခံရနေရသည့် NLD ဝန်ကြီး ဦးသောင်းထွန်း ဆေးကုသမှုခံယူရ
DVB
·
November 21, 2024
နှစ်ရှည် ထောင်ဒဏ်ကျခံရနေရသည့် NLD ဝန်ကြီး ဦးသောင်းထွန်း ဆေးကုသမှုခံယူရ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရပြီး ​ထောင်ဒဏ် ၉ နှစ် ချခံထားရတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းဟာ နိုဝင်ဘာ ၂၀ ရက်က မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အိုးဘိုထောင်မှာ ပုဒ်မ ၅၅ နဲ့ ထောင်ဒဏ် ၉ နှစ်ကျနေတဲ့ ဦးသောင်းထွန်းဟာ မနေ့ မနက် ၁၂ နာရီဝန်းကျင်က မန္တလေးဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနကို လာရောက်ပြသခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“မနေ့က အိုးဘိုထောင်က ဝန်ကြီးဟောင်းတယောက်ကို ၆ ထပ်ဆောင်က နှလုံးအထူးကုဌာနမှာ လာပြတယ်။ အတော်ကြာတယ်၊ ဆေးရုံတော့မတင်ဘူး၊ ပြန်ခေါ်သွားတယ်။”

အသက် ၇၀ ကျော်ရှိပြီဖြစ်တဲ့ ဝန်ကြီး ဦးသောင်းထွန်းမှာ အိုးဘိုထောင်အတွင်း နှလုံးသွေးကြောကျဥ်းပြီး နှလုံးခုန်နှေးတဲ့ရောဂါ ခံစားနေရတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ မနေ့က လာရောက်ပြသခဲ့တာလို့ အကျဥ်းဦးစီးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အသက်ကြီးပြီဆိုတော့ နှလုံးက သိပ်မမှန်ချင်ဘူး။ ဒီရောဂါတွေက ထောင်ထဲမှာထက် အပြင်မှာပဲ ကုလို့ရမှာ။ မနေ့က ဆေးရုံက သေချာစစ်ပြီး သောက်ဆေးတွေတော့ ပေးလိုက်တယ်။”

စစ်တပ်က အာဏာစသိမ်းကတည်းက ဝန်ကြီး ဦးသောင်းထွန်းကို ဖမ်းဆီးပြီး ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်မှာ အဂတိပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့တာပါ။

ဝန်ကြီး ဦးသောင်းထွန်းဟာ NLD အစိုးရလက်ထက်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိ စစ်ကောင်စီက အိုးဘိုထောင်အတွင်းက ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တို့ကို မန္တလေးဆေးရုံမှာ ကုသဖို့ ခွင့်ပြုခဲ့ပါတယ်။

မန္တလေးဆေးရုံကြီးမှာ ဆေးကုသတဲ့ ၄ ယောက်ထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့ ကွယ်လွန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013