DVB Logo
Home
နိုင်ငံတကာ
မာလီတွင် စစ်အာဏာရှင်ကို ဝေဖန်သည့် အရပ်သားဝန်ကြီးချုပ် ရာထူးကထုတ်ပယ်ခံရ
DVB
·
November 21, 2024
မာလီတွင် စစ်အာဏာရှင်ကို ဝေဖန်သည့် အရပ်သားဝန်ကြီးချုပ် ရာထူးကထုတ်ပယ်ခံရ
Donate to DVB

မာလီနိုင်ငံမှာ အာဏာရစစ်အစိုးရရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကတိပြုထားတဲ့ ၂၄ လအတွင်း ရွေးကောက်ပွဲတွေ စီစဉ်ပေးဖို့ ပျက်ကွက်မှုကို ဝေဖန်ခဲ့တဲ့ မာလီနိုင်ငံရဲ့ အရပ်သားဝန်ကြီးချုပ် ရှိုဂယ်လ် မိုက်ဂ်ယာကို ရာထူးကထုတ်ပယ်လိုက်ကြောင်း အာဏာပိုင်တွေက နိုဝင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။

၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ဆက်တိုက် အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်တွေဟာ ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကတိပြုခဲ့ပေမဲ့ နည်းပညာဆိုင်ရာ အကြောင်းပြချက်တွေနဲ့ မဲပေးဖို့ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကတော့ ဝန်ကြီးချုပ် မိုက်ဂ်ယာက ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်းနဲ့ ပတ်သက်လို့ အစိုးရအတွင်း အချေအတင် ဆွေးနွေးခြင်း မရှိကြောင်းနဲ့ စစ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း မီဒီယာကနေသာ သိခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုက်ဂ်ယာရဲ့ မှတ်ချက်တွေကြောင့် စစ်အစိုးရနဲ့ တင်းမာမှုတွေရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းဖို့ ဖိအားပေးခံခဲ့ရတယ်လို့ မိုက်ဂ်ယာနဲ့ နီးစပ်သူတယောက်က ရိုက်တာကို ပြောကြားခဲ့ပါတယ်။

အနောက်အာဖရိက အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ မဟာမိတ်တွေဟာ ရုရှား ကြေးစားစစ်သားတွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ရွေးကောက်ပွဲ နှောင့်နှေးမှုတွေကို ထပ်ခါတလဲလဲ ဝေဖန်ခဲ့ကြချိန်မှာ ဝန်ကြီးချုပ် မိုက်ဂ်ယာက မာလီစစ်အစိုးရကို ထက်ထက်သန်သန် ခုခံကာကွယ်ခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူး လက်မခံရသေးခင် မိုက်ဂ်ယာဟာ သမ္မတဟောင်း အမာဒို တိုမာနီ တိုးရိ လက်ထက်မှာ မာလီနိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း၊ သမ္မတဟောင်း အီဘရာဟင်မ် ဘိုကာဘာ ကေးတာ လက်ထက်မှာ ဒစ်ဂျစ်တယ် စီးပွားရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မိုက်ဂ်ယာဟာ သမ္မတဟောင်း ကေးတာကို မဖြုတ်ချရသေးချိန်က ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ M5-RFP ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013