DVB Logo
Home
မြန်မာသတင်း
ပုတီးကုန်းမြို့တွင် ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
November 21, 2024
ပုတီးကုန်းမြို့တွင် ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပုတီးကုန်းမြို့နယ်၊ ရင်းတိုက်ကွက်နေ သပြေလှအုပ်စု ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးဌေးလွင်ကို နိုဝင်ဘာ ၂၀ ရက်က သူ့ရဲ့နေအိမ်မှာ သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PDF တပ်ရင်းက အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

တပ်ရင်း ၃၆၀၁ တပ်ခွဲ ၅ နဲ့ တပ်ရင်း ၃၆၀၂ တပ်ခွဲ ၄ က ရဲဘော်တွေ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

၃၆၀၁ PDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက “မနက်အစောကြီး ၄ နာရီလောက် သူ့အိမ်သွားတယ်၊ သူ့မိသားစုတွေရှေ့မှာ ရက်ရက်စက်စက်တော့ ပစ်သတ်ခဲ့တာ မဟုတ်ပါဘူး။ အပြင်ခေါ်ထုတ်သွားပြီး ရင်းတိုက်ကွင်း လမ်းမပေါ်မှာပဲ ရှင်းလင်းခဲ့တာပါ။ အလောင်းကိုတော့ အဲဒီနေ့မှာပဲ စစ်သားတွေ လာကောက်သွားတယ်။ ရွာထဲလည်း စစ်ဆေးမှုတွေ လုပ်သွားသေးတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ရာအိမ်မှူး ဌေးလွင်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ နှစ်လုံး သုံးလုံးနဲ့ အရက်ပုန်းရောင်းသူတွေထံက လိုင်းကြေးကောက်ယူတာ၊ ရွာသူ ရွာသားတွေကို ဖမ်းဆီးငွေညှစ်တာ၊ မရှိဆင်းရဲသားတွေ စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး ဖမ်းဆီးကာ အဓမ္မစစ်မှုထမ်းခိုင်းတာ၊ သပြေလှအုပ်စုအတွင်းက ရွာသားတွေထံကလည်း စစ်မှုထမ်း ငှားရမ်းထောက်ပံ့ဖို့ဆိုပြီး တအိမ်ထောင် အနည်းဆုံး ကျပ်တသောင်းခွဲ ကောက်ယူတာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်ကလည်း ပဲခူးတိုင်း အတောက်ခြမ်းက ပေါက်ခေါင်း၊ အုတ်ဖို၊ မင်းလှ၊ ပုတီးကုန်းမြို့နယ်တွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၃ ယောက်နဲ့ ရာအိမ်မှူးတယောက်ကိုလည်း တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ ပြည်သူတွေထံက စစ်မှုထမ်း ငှားရမ်းထောက်ပံ့ကြေး တောင်းယူနေတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ပျူစောထီးတွေကို တော်လှန်ရေးရဲဘော်တွေက မကြာခဏ ရှင်းလင်းလုပ်ဆောင်နေပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း စစ်မှုထမ်းငှားရမ်းထောက်ပံ့ဖို့ ဆိုပြီး သတ်မှတ်ထားတဲ့ ငွေကြေး မပေးဆောင်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေကို ပစ်မှတ်ထားပြီး ပြည်သူတွေကို နေအိမ်တွေပေါ်ထိ ပေါ်တာဆွဲဖမ်းဆီးကာ စစ်သင်တန်းတွေကို ပို့ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013