DVB Logo
Home
နိုင်ငံတကာ
လက်ဘနွန်တွင် ၂ လအတွင်း ကလေးငယ် ၂၀၀ ကျော် သေဆုံးပြီး ၁,၀၀၀ ကျော်ဒဏ်ရာရ
DVB
·
November 21, 2024
လက်ဘနွန်တွင် ၂ လအတွင်း ကလေးငယ် ၂၀၀ ကျော် သေဆုံးပြီး ၁,၀၀၀ ကျော်ဒဏ်ရာရ
Donate to DVB

လက်ဘနွန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လအတွင်း ကလေးငယ် ၂၀၀ ကျော် သေဆုံးပြီး ၁,၁၀၀ ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာကို အစ္စရေးက ကြီးကြီးမားမား ထိုးစစ် ပြန်ဆင်လာတဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ လက်ဘနွန်မှာ သက်တမ်းတနှစ်ကျော်ကြာ ပဋိပက္ခဟာ လုံးလုံးလျားလျား စစ်ပွဲအဖြစ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ဘနွန်မှာ တနေ့ကို ပျမ်းမျှ ကလေး ၃ ယောက်နှုန်း သေဆုံးနေရပြီး ၂ လမပြည့်ခင် ကာလအတွင်း ကလေးအယောက် ၂၀၀ လောက် သေဆုံးခဲ့ရပါတယ်။

ကလေးတွေ သေဆုံးရမှုဟာ ဒီအကြမ်းဖက်မှုကို ရပ်တန့်အောင် စွမ်းဆောင်နိုင်သူတွေရဲ့ တွန့်ဆုတ်နေမှုတွေကြောင့် ဖြစ်တယ်လို့ ယူနီဆက်ဖ် ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ် အဲလ်ဒါက ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

လက်ဘနွန် ကလေးတွေအတွက် အသံတိတ်နေရတဲ့ ပုံမှန်ထိတ်လန့်မှု ဖြစ်နေရပြီး စိတ်ရောကိုယ်ပါ ဒဏ်ရာတွေ ရနေတာလို့လည်း ဆိုပါတယ်။

ကလေးတွေ သေဆုံးရမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတဲ့ မေးခွန်းကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး မီဒီယာတွေနောက် လိုက်နေသူတိုင်း ရှင်းရှင်းလင်းလင်း သိနေတာပဲလို့လည်း ပြောပါတယ်။

လက်ဘနွန်နဲ့ ဂါဇာက ပဋိပက္ခတွေအကြားမှာ ကြောက်စရာကောင်းတဲ့ တူညီမှုတွေ ရှိနေကြောင်း ယူနီဆက်ဖ် ပြောရေးဆိုခွင့်အရာရှိ အဲလ်ဒါက ‌ပြောကြားခဲ့ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၃ လကြာ စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ လူပေါင်း ၄၃,၀၀၀ ကျော်ထဲမှာ သိသာထင်ရှားတဲ့ အခန်းကဏ္ဍဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယူနီဆက်ဖ်ဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ကလေးသူငယ် ထောင်ပေါင်းများစွာကို ဆေးဝါး၊ အစားအစာနဲ့ အိပ်ယာလိပ်ထုပ်တွေ ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013