DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀ နှင့် ဘတ် သန်း ၁၀၀ ထုတ်ရောင်း
DVB
·
November 21, 2024
ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀ နှင့် ဘတ် သန်း ၁၀၀ ထုတ်ရောင်း
Donate to DVB

နိုင်ငံခြားငွေဈေးကွက်ထဲကို ငွေအလုံးအရင်း ထုတ်ရောင်းပြီး နိုင်ငံခြားငွေလဲနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ နိုဝင်ဘာ ၁၉ ရက်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ ထိုင်းဘတ် သန်း ၁၀၀ ကို အွန်လိုင်းပလက်ဖောင်းကတဆင့် ထုတ်ရောင်းလိုက်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

အမေရိကန်ဒေါ်လာကို တဒေါ်လာ ၃,၅၈၃ ကျပ်၊ ထိုင်းတဘတ်ကို ၁၂၇ ဒသမ ၃ ကျပ်နှုန်းနဲ့ ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။

ပြင်ပငွေကြေးဈေးကွက်မှာတော့ နိုဝင်ဘာ ၂၀ ရက်မှာ အမေရိကန်ဒေါ်လာဈေးဟာ တဒေါ်လာ ၄,၄၀၀-၄,၅၀၀ ဈေးပေါက်နေပြီး ဘတ်ဈေးကတော့ တဘတ်ကို ၁၂၆ ဒသမ ၁ - ၁၂၉ ဒသမ ၃၈ ကျပ် အသီးသီးရှိနေပါတယ်။ အလားတူပဲ ယွမ်ငွေဈေးကလည်း တယွမ်ကို ၆၀၉-၆၂၅ ကျပ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ အမေရိကန်ဒေါ်လာဈေး ၇,၀၀၀ ကျပ်အထိ ရောက်ခဲ့သလို တခြားငွေဈေးတွေလည်း ခုန်တက်လာခဲ့ပြီးနောက်မှာ စစ်ကောင်စီ ဗဟိုဘဏ်ဟာ ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းခဲ့ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ကနေ အဲဒီလို နိုင်ငံခြားငွေကြေး အများအပြား ထုတ်ရောင်းနေလို့ ဒေါ်လာဈေးက ဆက်တက်လာတာမရှိပေမဲ့ ဒေါ်လာဈေးတက်တာနဲ့အတူ ခုန်တက်သွားခဲ့တဲ့ ကုန်ဈေးနှုန်းတွေက မြင့်တက်နေဆဲဖြစ်ပြီး ပြည်သူလူထုဟာ စားဝတ်နေရေး ကျပ်တည်းနေဆဲ ဖြစ်ပါတယ်။

ကြက်ဥတလုံးဈေးဟာ ၄၅၀-၅၅၀ ကျပ်ဝန်းကျင် ရှိနေသလို အာဏာမသိမ်းခင်က တထုပ် ၁၀၀ ကျပ်သာ ရှိခဲ့တဲ့ ကော်ဖီမစ်ဈေးနှုန်းဟာလည်း အခုအခါမှာ ၇၀၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။

အလားတူပဲ ရန်ကုန်မြို့က တိုက်ခန်းငှားခတွေဟာလည်း အာဏာမသိမ်းခင်ကထက် နှစ်ဆ သုံးဆမက မြင့်တက်နေပါတယ်။

ဆေးနဲ့ ဆေးပစ္စည်းအချို့သာ အနည်းငယ် ပြန်ကျရိပ်ပြပြီး ဆေးဝါးပစ္စည်း အများစုကတော့ ဈေးကွက်ထဲ ပစ္စည်းပြတ်လပ်တာတွေ ဖြစ်ပေါ်ပြီး ဈေးနှုန်းမြင့်တက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013