DVB Logo
Home
နိုင်ငံတကာ
ဟေတီတွင် တိုက်ခိုက်မှုများဖြစ်ပြီး ရာဇဝတ်ဂိုဏ်းဝင် ၂ ဒါဇင်ကျော် သေဆုံး
DVB
·
November 20, 2024
ဟေတီတွင် တိုက်ခိုက်မှုများဖြစ်ပြီး ရာဇဝတ်ဂိုဏ်းဝင် ၂ ဒါဇင်ကျော် သေဆုံး
Donate to DVB

ဟေတီနိုင်ငံ မြို့တော် ပို့ထ်အော်ပရင့်စ်ရဲ့ လူချမ်းသာတွေ နေထိုင်တဲ့ တောင်စောင်းရပ်ကွက်မှာ ဒေသခံတွေဟာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ညတိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၉ ရက်က သံသယရှိ ရာဇဝတ်ဂိုဏ်းဝင် ၂ ဒါဇင်ကျော် သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေးရှင်းဗေးလ် ဆင်ခြေဖုံးရပ်ကွက်ကို နိုဝင်ဘာ ၁၉ ရက်မှာ မြို့ခံတွေက အဝင်အထွက်လမ်းတွေကို အတားအဆီးတွေနဲ့ ပိတ်ဆို့ထားလိုက်ပြီး ရပ်ကွက်ထဲက မဟုတ်သူတွေကို အိမ်မှာပဲ နေခိုင်းပါတယ်။

တချို့နယ်မြေခံတွေကလည်း သူတို့ပိုင်နက်ဧရိယာထဲကို နောက်ထပ် ဂိုဏ်းကျူးကျော်မှုတွေကနေ ကာကွယ်ဖို့ ဓားတွေ၊ တူတွေလည်း ကိုင်ဆောင်ထားပါတယ်။

ပေးရှင်းဗေးလ်၊ ဒဲလ်မတ်စ်နဲ့ ကနာပေးဗာ့ထ် ရပ်ကွက်တွေမှာ အနည်းဆုံး အလောင်း ၂၅ လောင်းကို ရိုက်တာသတင်းထောက်က မြင်တွေ့ခဲ့ပါတယ်။

တနေ့တာလုံးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရကြတဲ့ ဂိုဏ်းဝင်တွေ အယောက် ၃၀ လောက် ရှိတယ်လို့ အမျိုးသားရဲတပ်ဖွဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ လီယွန်းနဲ လာဇာရေးက ပြောပါတယ်။

နယ်မြေခံ ပရီထရက်စဲ အာနာရာ ကတော့ သူတို့ဟာ ဒီနယ်မြေကို ပစ်ပြေးစွန့်ခွာမသွားဘူးလို့လည်း ဆိုပြီး ဘယ်သူကမှ အတင်းအကျပ် မောင်းထုတ်လို့မရအောင် စည်းစည်းလုံးလုံး ရှိနေကြဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံ ဒီမဲလ် အဒိုနစ်စ် ကလည်း သူဟာ နာဇွန်မှာရှိတဲ့ အမျိုးသားပညာရေး ဝန်ကြီးဌာနမှာ ခိုလှုံခဲ့ပြီး ပြည်နယ်အစိုးရက အဲဒီနေရာမှာနေဖို့ လုံခြုံရေးကို မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဆိုလီနိုရပ်ကွက်မှာ ကျောက်တုံးတွေနဲ့ ကိုယ့်ဘာသာကိုယ် ခုခံခဲ့ရပြီး ပြည်နယ်အစိုးရက လုံခြုံရေးမပေးဘူးလို့လည်း ဆိုပါတယ်။

လယ်နိုဗိလစ်စ်ထ် ဒေသတွင်း သတင်းစာကတော့ မြို့တော်ရဲ့ နေရာအတော်များများမှာ ဂိုဏ်းစစ်ပွဲ မြင်ကွင်းတွေကို ဖော်ပြခဲ့ပြီး မနှစ် ဧပြီလကစပြီး အရပ်သား ကိုယ်ထူကိုယ်ထ ကာကွယ်ရေး လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တာကို ရည်ညွှန်း ဖော်ပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ မရှိတော့တာကြောင့် ဒေသခံတွေက သံသယရှိဂိုဏ်းဝင်တွေကို ရိုက်နှက် မီးရှို့ သတ်ပစ်ခဲ့ကြပါတယ်။

ဟေတီနိုင်ငံရဲ့ ငွေကြေးမတောင့်တင်းတဲ့ အမျိုးသားရဲတပ်ဖွဲ့ဟာ လတ်တလောနှစ်တွေ အတွင်းမှာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ဖယ်ရှားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ ဟေတီခေါင်းဆောင်တွေနဲ့ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားပြီး အကြမ်းဖက်မှုတွေ ပြင်းထန်လာနေမှုတွေကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အုပ်စုဖွဲ့ ဂိုဏ်းတိုက်ပွဲတွေကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး လူ ၇ သိန်းထက်မနည်း ပြည်တွင်းမှာ ဘေးရှောင်ရင်း အိုးမဲ့အိမ်မဲ့ ဖြစ်နေရပါတယ်။

လူပေါင်း ၆,၀၀၀ လောက်ဟာ ငတ်မွတ်ခေါင်းပါးမှုအဆင့်ထဲ ထိုးကျသွားပြီး စားနပ်ရိက္ခာ မလုံလောက်မှု ပိုမိုဆိုးရွားနေပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013