DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် စစ်‌တပ်နှင့် ရှမ်းနီ စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
DVB
·
November 20, 2024
ဟုမ္မလင်းတွင် စစ်‌တပ်နှင့် ရှမ်းနီ စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
Donate to DVB

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ စစ်‌ကောင်စီတပ်နဲ့ ရှမ်းနီတပ် (SNA) တွေ တပ်စွဲနေတဲ့ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တွေက နိုဝင်ဘာ ၁၉ ရက် မနက် ၆ နာရီဝန်းကျင်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

KPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်ကိုင်းနဲ့ ကချင်အစပ် ဆယ်ဇင်းဒေသက စစ်ကောင်စီနဲ့ ရှမ်းနီ ပူးပေါင်းနေတဲ့ တပ်စခန်းတွေကို သိမ်းပိုက်ရရှိခဲ့တာပါ” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ကူပေးနေတဲ့ ကြားက သူတို့ရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ရရှိခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဆယ်ဇင်းတဖက်ကမ်းက စစ်ကောင်စီတပ်နဲ့ SNA တို့ ပူးပေါင်းတပ်စွဲနေကြတဲ့ စိုင်းပန်ကုန်း ပင်မတပ်စခန်း အပါအဝင် ရွှေတွင်းလမ်းဆုံစခန်း၊ ပန်ချယ်ကုန်းနဲ့ မန်းစိမ်းချောင်းဖျား စခန်းတွေကို သိမ်းပိုက်ရရှိခဲ့ကြတာလို့ ဆိုပါတယ်။

“စခန်းသိမ်းတိုက်ပွဲတွေအတွင်းကနေ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ သူတို့ဘက်က အသေအပျောက်နဲ့ ရရှိတဲ့ လက်နက်ခဲယမ်းတွေကို စိစစ်နေဆဲမို့ အတိအကျ ပြောမရသေးတာပါ။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ KPDF က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်” လို့ KPDF ​တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွေကို နိုဝင်ဘာ ၁၄ ရက်က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာတော့ အဆိုပါ တပ်စခန်း ၄ ခုလုံး သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး KIA တပ်မဟာ ၉ နယ်မြေအတွင်းက ဆယ်ဇင်းဒေသက တချို့နေရာတွေ အပါအဝင် ဆိုင်းတောင်နဲ့ တာမခန်နယ်တွေမှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပြီလို့လည်း သူက ဆက်ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ အပါအဝင် ဟုမ္မလင်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ တမူးခရိုင်အတွင်းက ခါမ်းပါတ်မြို့နဲ့ မြို့သစ်မြို့တွေကိုလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013