DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် စက်သုံးဆီ‌ ပြတ်တောက်သည်အထိ ရောင်းချနေရ
DVB
·
November 20, 2024
ကလေးမြို့တွင် စက်သုံးဆီ‌ ပြတ်တောက်သည်အထိ ရောင်းချနေရ
Donate to DVB

စစ်ကောင်စီက စက်သုံးဆီတွေသယ်ယူခွင့် ပိတ်ပင်မယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်သုံးဆီတွေ ပြတ်တောက်တဲ့အထိရောင်းချခဲ့ရပြီး စက်သုံးဆီဆိုင်တွေမှာ ဆီတွေပြတ်တောက်သွားတာလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနေ့မနက်ပိုင်းကစပြီး ကလေးမြို့တွင်းမှာ စက်သုံးဆီဝယ်ယူသူတွေအ လွန်များပြားခဲ့ပြီးအောက်တိန်း 92 တဂါလန်ကို ကျပ် ၂၆၅၀၀ ဝန်းကျင်ကနေ ၃၅၀၀၀ ကျော်အထိ ဓာတ်ဆီ‌ဈေးတွေ တဟုန်ထိုးတက်သွားခဲ့ပြီး နေ့ခင်းပိုင်းမှာ စက်သုံးဆီဆိုင်တွေ ပိတ်သွားခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ လမ်းဘေးတနိုင်တပိုင် ဓာတ်ဆီဆိုင်တွေကလွဲရင် စက်သုံးဆီဆိုင်ကြီးတွေ အားလုံးပိတ်ထားတယ်လို့ ကလေးမြို့ခံ‌တယောက်က ပြောပါတယ်။

ရောင်းချပေးတဲ့ လမ်း‌ဘေးတနိုင်တပိုင်စက်သုံးဆီဆိုင်တွေမှာတော့ အောက်တိန်း 92 တဂါလန်ကို ကျပ် ၄၀၀၀၀ ဝန်းကျင်၊ 95 တဂါလန်ကို ကျပ် ၄၂၀၀၀၀ ဝန်းကျင်ဈေးနဲ့ ဓာတ်ဆီတွေကို ရောင်းချ ပေးနေတာပါ။

စစ်ကောင်စီက အောက်ပိုင်းဘက်က‌နေ စက်သုံးဆီတင်ယူရောင်းချခွင့်ကို လက်ရှိ အချိန်ထိခွင့်ပြုထားဆဲဖြစ်ပြီး သယ်ယူခွင့်ပိတ်ပင်တာမျိုးတော့မရှိသေးဘူးလို့ စက်သုံးဆီ တင်ကားမောင်းနေတဲ့ ယာဉ်မောင်းတယောက်က ပြောပါတယ်။

မိုးများတာနှင့် လမ်း‌ကြောတိုက်ပွဲအခြေအ‌နေတွေကြောင့် ကလေးမြို့မှာတော့ စက်သုံးဆီတွေ မကြာခဏပြတ်တောက်လေ့ရှိပါတယ်။

စက်သုံးဆီတွေကို မြန်မာပြည်အောက်ပိုင်းဘက်ကနေ ကလေးမြို့ဘက်ကို ကလေးဝ-မဟာမြိုင်လမ်းအတိုင်း သယ်ယူနေရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013