DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံတွင် မူလတန်းကျောင်းအနီး ကားဝင်တိုက်မိပြီး ကျောင်းသားများ ဒဏ်ရာရ
DVB
·
November 20, 2024
တရုတ်နိုင်ငံတွင် မူလတန်းကျောင်းအနီး ကားဝင်တိုက်မိပြီး ကျောင်းသားများ ဒဏ်ရာရ
Donate to DVB

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချန်းတာ့မြို့ရှိ ယုံးကန်းမူလတန်းကျောင်းအပြင်ဘက်မှာ နိုဝင်ဘာ ၁၉ ရက် မနက်က ကျောင်းတက်ချိန် ကျောင်းသားတွေနဲ့ လမ်းသွားလမ်းလာတွေကို မော်တော်ယာဉ်တစီးက ဝင်တိုက်ခဲ့တာကြောင့် လူအများအပြား ထိခိုက်ဒဏ်ရာ ရသွားကြတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။

ကျောင်းသားကလေးငယ်တွေလည်း အခင်းဖြစ်ပွားရာနေရာကနေ ထိတ်လန့်တကြား ထွက်ပြေးလာကြတာကြောင့် ပိုမိုရှုပ်ထွေးလာပြီး အကူအညီ ဝိုင်းတောင်းနေကြတဲ့ အော်ဟစ်သံတွေလည်း ဆူညံနေပါတယ်။

ကျောင်းအပြင်ဘက် လမ်းမကြီးပေါ်မှာ ဒဏ်ရာရသူ အများအပြား လဲလျောင်းနေကြပြီး ဝင်တိုက်တဲ့ အဖြူရောင် SUV ကားကို လူအုပ်ကြီးက ဝိုင်းအုံထားကာ ယာဉ်မောင်း အမျိုးသားကို တုတ်တွေနဲ့ ရိုက်နှက်ကြပါတယ်။

လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့ပြီး ရဲတပ်ဖွဲ့က ဒဏ်ရာရရှိသူတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဆေးရုံပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရမှု ရှိ မရှိကိုတော့ မပြောသေးပါဘူး။ ထိခိုက်ဒဏ်ရာရသူ အရေအတွက် အသေးစိတ်ကိုလည်း ရဲတပ်ဖွဲ့က မထုတ်ပြန်သေးပါဘူး။

မော်တော်ကား ဝင်တိုက်ရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာ ဟုတ် မဟုတ်ကိုလည်း ချက်ချင်း မသိရသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသက် ၃၉ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013