DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့မှ MNDAA တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခြင်းမရှိ
DVB
·
November 20, 2024
လားရှိုးမြို့မှ MNDAA တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခြင်းမရှိ
1 / 4
Donate to DVB

ကိုးကန့် ခေါင်းဆောင် ဦးဖုန်တာရွှင် ထိန်းသိမ်းခံရတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာနေတဲ့သတင်းတွေဟာ မဟုတ်ဘူးလို့ MNDAA ထံက သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာပြီးတဲ့နောက် တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူနေတဲ့ MNDAA ရဲ့ ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး တပြိုင်နက် စစ်ကောင်စီလော်ဘီတွေဟာ လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့တွေ တဖြည်းဖြည်း ဆုတ်ခွာနေတယ်လို့ သူတို့ရဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဝါဒဖြန့်ပြောဆိုလာခဲ့ကြပါတယ်။

ဒီအခြေအနေကို MNDAA ရဲ့ ပြန်ကြားရေးဌာနထံ ဆက်သွယ်မေးမြန်းရာ သတင်းအမှားသာဖြစ်တယ်လို့ DVB ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ပြန်လည်ဆုတ်ခွာတယ်ဆိုတာ မဟုတ်ပါဘူးခင်ဗျာ။ MNDAA သတင်းတွေနဲ့ ပတ်သက်ပြီးတော့ MNDAA က တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကိုပဲ ယုံကြည်စေချင်ပါတယ်” လို့ MNDAA ပြန်ကြားရေးတာဝန်ခံတယောက်က DVB ကို အတည်ပြုပြောပါတယ်။

MNDAA ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့မှာ လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း တရုတ်အစိုးရဘက်က လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်ဆုတ်ပေးဖို့ အမျိုးမျိုး ဖိအားပေးခဲ့ပါတယ်။

ကိုးကန့်တပ် (MNDAA) ခေါင်းဆောင် ဦးဖုန်တာရွှင်ဟာ တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံထားရတယ်လို့ သတင်းထွက်လာပြီး မကြာခင်မှာပဲ တရုတ်ဘက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ဖမ်းဆီးထားတာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဦးဖုန်တာရွှင်ဟာ ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် တရုတ်ဘက်ကို လာရောက်ခွင့်ပြုခဲ့တာဖြစ်ပြီး ဆေးကုသခံယူအပြီး ပြန်လည်သက်သာလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့် လင်ကျန့် (Lin Jian) က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013