DVB Logo
Home
မြန်မာသတင်း
PDF ထံ အလင်းဝင်ခဲ့သည့် စစ်သားမိသားစုကို ဖမ်းဆီးရန် စစ်တပ်က လိုက်ရှာနေ
DVB
·
November 19, 2024
PDF ထံ အလင်းဝင်ခဲ့သည့် စစ်သားမိသားစုကို ဖမ်းဆီးရန် စစ်တပ်က လိုက်ရှာနေ
Donate to DVB

မကွေးတိုင်း၊ မြိုင်ပကဖဆီ အလင်းဝင်တဲ့ ဧရာဝတီတိုင်းက ဒုတပ်ကြပ်အဆင့်ရှိသူရဲ့ မိသားစုတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ဒုတပ်ကြပ်အဆင့်ရှိသူ ဇွဲလင်းပိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က မြိုင်မြို့ပေါ် အထက ၂ ကနေ ထွက်ပြေးလာခဲ့ပြီး AK သေနတ်တလက်၊ ကျည် ၉၈ တောင့် ယူဆောင်ကာ မြိုင်ပကဖထံကို အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “PDF တွေဘက်က ဇွဲလင်းပိုင် သူတို့ဆီ အလင်းဝင်ခဲ့တယ်လို့ ကြေညာခဲ့တော့ စစ်ကောင်စီတပ်က မိသားစုတွေဆီ ဖမ်းမယ်ဆိုပြီး သွားစစ်ဆေးတာ။ ဒုတပ်ကြပ် ဇွဲလင်းပိုင်ရဲ့ မိသားစုက ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ နေထိုင်တာလို့ သိရတယ်။ စကစဘက်က သွားစစ်ဆေးတော့ မိသားစုတွေပါ မရှိတော့ဘူးလို့ ကြားမိတယ်။ ဒီလောက်ပဲသိရတယ်” လို့ ပြောပါတယ်။

PDF ထံ အလင်းဝင်ခဲ့တဲ့ ဒုတပ်ကြပ်အဆင့် ဇွဲလင်းပိုင် မိသားစုတွေကို တွေ့ရင် တိုင်းစစ်ဌာနချုပ်တွေနဲ့ ရဲစခန်း အုပ်ချုပ်ရေးအဖွဲ့တွေဆီ အကြောင်းကြားဆက်သွယ်ပေးဖို့ စစ်ကောင်စီတပ်က မြေပြင်အုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒုတပ်ကြပ်အဆင့်ရှိသူ ဇွဲလင်းပိုင် အနေနဲ့ စစ်ကောင်စီတပ်က ပြည်သူ့အပေါ် အပြုအမူလုပ်ရပ်တွေကို သည်းမခံနိုင်တော့တဲ့အတွက် အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ထပ်မံအလင်းဝင်ရောက်လာမယ့်သူတွေ များစွာရှိသေးတယ်လို့ မြိုင်ပကဖဘက်က စက်တင်ဘာ ၁၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013