DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တလအတွင်း ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ
DVB
·
November 19, 2024
ဧရာဝတီတိုင်းတွင် တလအတွင်း ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ အမျိုးသမီးတွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၈၀ ကျော် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုလ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ကုန်းလမ်း ရေလမ်းတွေကနေ တဆင့် ဧရာဝတီတိုင်းထဲကို ဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၄၉ ယောက်၊ အမျိုးသမီး ၃၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတ‌ေယာက်က “အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေက ရခိုင်ဘက်ကနေလာတဲ့ ရိုဟင်ဂျာတွေပါ။ အဖမ်းခံထားရတဲ့အထဲ အမျိုးသမီးတွေလည်းပါတယ်။ စစ်ကောင်စီတပ်တွေက ကင်းလှည့်ရင်း တွေ့‌တော့ အဖမ်းခံရတာ။ ရေလမ်းကနေလာလို့ အဖမ်းခံရတဲ့သူတွေ များတယ်။ စစ်ဆေးတော့ မလေးရှားနိုင်ငံဘက် သွားမလို့ ထွက်လာတာလို့ ပြောတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်ရှိ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို ဘယ်ပုဒ်မနဲ့မှ အရေးယူ အမှုဖွင့်မထားသေးဘဲ ရဲစခန်းတွေမှာ ချုပ်နှောင်ထားပြီး အရင်ကတော့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လ.ဝ.က ဥပဒေနဲ့ အမှုဖွင့် ထောင်ချတာ များတယ်လို့ ရိုဟင်ဂျာတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

ရိုဟင်ဂျာတွေကို ကူညီပေးနေသူတယောက်က “ရခိုင်ပြည်ဘက်မှာ စစ်ရေးမတည်မငြိမ်တာတွေနဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်တွေနဲ့ ဝန်ထမ်းတွေက ခွဲခြားဆက်ဆံ ဖိနှိပ်ခံရတာတွေကြောင့် တဆက်တည်းရှိနေတဲ့ ဧရာဝတီတိုင်းထဲ ဝင်လာတာ။ ဦးတည်က မလေးပေါ့။ လိုရာခရီးမရောက်ဘဲ အဖမ်းခံရတာ” လို့ ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာတွေကို သာပေါင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ရွှေသောင်ယံမြို့၊ ကြံခင်းမြို့နယ် စတဲ့မြို့နယ်တွေမှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ တလအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ဧရာဝတီတိုင်းထဲ ရောက်လာတဲ့ ရိုဟင်ဂျာ ၆၇ ယောက်အထိ ဖမ်းဆီးခံခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013