DVB Logo
Home
မြန်မာသတင်း
TNLA ဖမ်းဆီးထားသည့် NLD အမတ် ဆေးဝါးကုသခွင့်မရ
DVB
·
November 18, 2024
TNLA ဖမ်းဆီးထားသည့် NLD အမတ် ဆေးဝါးကုသခွင့်မရ
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ဖမ်းဆီးထားတဲ့ NLD ပါတီ နမ္မတူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ကျန်းမာရေးချို့ယွင်းနေပေမဲ့ ဆေးဝါးကုသခွင့်မရဘူးလို့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် (ခ) ဦးမဲတူကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့မှာ TNLA က ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျန်းမာရေး ချို့ယွင်းနေတာပါ။

သူနဲ့ နီးစပ်သူတယောက်က “TNLA က NLD အမတ် ဦးမဲတူကို ဖမ်းထားတာ ၂ လကျော်ပြီ။ ၁၅ ရက် တခါပဲ ရေချိုး၊ သွားတိုက်၊ မျက်နှာသစ်ရတယ်။ အခု ဦးမဲတူက ဖျားနေတယ်။ အစာအိမ်ကြောင့် အစာမစားနိုင်ဘူး။ မိသားစုဝင်တွေက ဆန်ပြုတ်ပို့နေရတယ်။ ဆေးကုသခွင့်တောင်းတယ် မပေးဘူး။ ဆရာဝန်လည်း ခေါ်မပေးဘူး” လို့ ပြောပါတယ်။

ဦးဝင်းလှိုင်ကို TNLA က ဖမ်းဆီးထားတာ ၂ လခွဲကြာရှိနေပြီး ဒီကာလအတွင်း မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ ၃ ပတ်မှာတခါ တွေ့ခွင့်ပြုပြီး ကျန်တဲ့ ဆွေမျိုး၊ မိတ်ဆွေနဲ့ အပြင်လူကိုတော့ တွေ့ခွင့်မပေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

နီးစပ်သူတယောက်က “ဦးမဲတူရဲ့ မိသားစုက တောင်းဆိုလို့ ၃ ပတ် တခါတော့ တွေ့ရတယ်။ တွေ့ခွင့်ရတယ်ဆိုပေမဲ့ စကားတော့ လွတ်လွတ်လပ်လပ် ပြောလို့မရဘူး။ အစောင့်ရှိတယ်။ ကျန်တဲ့အပြင်လူကိုတော့ ပေးမတွေ့ဘူး” လို့ ပြောပါတယ်။

ဒါနဲပတ်သက်လို့ TNLA ပြောရေးဆိုခွင့်ရှိသူရုံးကို DVB က စာပေးပို့မေးမြန်းထားပြီး အကြောင်းပြန် ဖြေဆိုတာတော့ မရှိသေးပါဘူး။

ဦးဝင်းလှိုင်ဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နမ္မတူမြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

ဦးဝင်းလှိုင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် ဒေသခံပြည်သူ အယောက် ၄၃၀ က လက်မှတ်ရေးထိုးပြီး  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အောက်တိုဘာ ၃၁ ရက်နေ့က တင်ပြတောင်းဆိုခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013