DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးသမ္မတကတော်က အီလွန်မတ်စ်ခ်ကို ဆဲဆို
DVB
·
November 18, 2024
ဘရာဇီးသမ္မတကတော်က အီလွန်မတ်စ်ခ်ကို ဆဲဆို
Donate to DVB

ဘရာဇီးသမ္မတကတော်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ကို လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေနဲ့ပတ်သက်ပြီး ဆဲဆိုခဲ့ပါတယ်။

လူမှုကွန်ရက်တွေကို စည်းကမ်းထိန်းချုပ်ဖို့နဲ့ သတင်းမှားတွေကို တိုက်ဖျက်ဖို့ လိုအပ်တဲ့အကြောင်း ဘရာဇီးသမ္မတကတော် ဂျန်ဂျာ လူလာ ဒါ ဆေးလ်ဗားက G20 ထိပ်သီးဆွေးနွေးပွဲအကြို အခမ်းအနားတခုမှာ ပြောကြားရင်းနဲ့ ဆဲဆိုခဲ့တာဖြစ်ပါတယ်။

မိန့်ခွန်းပြောကြားနေစဉ် သင်္ဘောဟွန်းသံ ပေါ်ထွက်လာတဲ့အခါ “အီလွန်မတ်စ်ခ် ဖြစ်မယ်ထင်တယ်” လို့ သူမက ဟာသနှောပြီး ပြောကြားခဲ့ပါတယ်။

ဒီ့နောက် သူမက သူ့ကို မကြောက်ကြောင်းပြောပြီး “F*** you, အီလွန်မတ်စ်ခ်” လို့ ပြောကြားခဲ့တာပါ။

အီလွန်မတ်စ်ခ်က အဲဒီဗီဒီယိုကလစ်ကို မျှဝေရင်း “Lol” လို့ ရေးသားတုံ့ပြန်ခဲ့သလို “သူတို့ နောက်ရွေးကောက်ပွဲမှာ ရှုံးမှာပဲ” ဆိုတဲ့ ပို့စ်တခုကိုပါ ထပ်တင်ခဲ့ပါတယ်။

ဘရာဇီးသမ္မတကတော်ရဲ့ X အကောင့် အဟက်ခ်ခံရပြီးတဲ့နောက် အီလွန်မတ်စ်ခ်ရဲ့ လူမှုကွန်ရက်ကုမ္ပဏီကို တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး သူတို့အကြား ရန်စတွေ ပွားနေခဲ့ကြတာပါ။

မတ်စ်ခ်နဲ့ ဘရာဇီးနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးတို့အကြား ပဋိပက္ခဖြစ်ပွားခဲ့အပြီး  ဘရာဇီးမှာ X လူမှုကွန်ရက် တလကျော်ကြာ အသုံးပြုလို့မရဘဲ ဖြစ်ခဲ့ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အစွန်းရောက် လက်ယာယိမ်းအကောင့်တွေ၊ သတင်းအမှားတွေနဲ့ ပတ်သက်လို့ မတ်စ်ခ်နဲ့ လပေါင်းများစွာ အငြင်းပွားပြီးနောက် သြဂုတ် ၃၀ ရက်မှာ X ကို ပိတ်ပင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

တချို့အကောင့်တွေကို ပိတ်ဖို့၊ ဒဏ်ကြေး ဒေါ်လာ ၅ သန်းပေးဆောင်ဖို့၊ ဥပဒေရေးရာ ကိုယ်စားလှယ် ခန့်အပ်ဖို့ စတဲ့ ဒီမိုရက်စ်ရဲ့ တောင်းဆိုချက်အားလုံးကို မတ်စ်ခ်ရဲ့ကုမ္ပဏီက လိုက်နာခဲ့အပြီးမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။

လူဦးရေ သန်း ၂၁၀ ကျော်ရှိပြီး အွန်လိုင်းအသုံးပြုမှု များပြားတဲ့ ဘရာဇီးနိုင်ငံဟာ လူမှုကွန်ရက် X ရဲ့ အကြီးဆုံးဈေးကွက်တွေထဲက တခုဖြစ်ပြီး အသုံးပြုသူ အရေအတွက်ဟာလည်း သန်း ၂၀ ကနေ သန်း ၄၀ အထိ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013