DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်သုံ့ပန်း ၃ ဦးကို BGB ဖမ်းဆီး
DVB
·
July 22, 2026
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်သုံ့ပန်း ၃ ဦးကို BGB ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့နယ်ဘက်ကို ထွက်ပြေး လာတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၃ ယောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က ဖမ်းဆီး တရားစွဲထားတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းစာတွေက ရေးပါတယ်။

အာရက္ခတပ်တော်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၃ ယောက်ဟာ မောင်တောမြို့နယ်ရဲ့ တဖက်ကမ်း တက္ကနဖ်မြို့နယ်ကို ဇူလိုင် ၂၀ ရက်က ထွက်ပြေးလာကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်က ဖမ်းဆီးကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းတွေကတော့ စစ်အာဏာရှင်တပ်သား ထွန်းဒီတေ(၃၈နှစ်)၊ ရဲတပ်ဖွဲ့က ကျော်နိုင်(၃၅နှစ်)နဲ့ သိန်းဇော်(၃၃နှစ်)တို့ ဖြစ်ကြပြီး သူတို့ဟာ ရန်ကုန်မြို့နဲ့ မောင်တောမြို့က ဖြစ်ကြ တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ကတဆင့် တက္ကနဖ်မြို့နယ် ရဲစခန်းကို လွဲပြောင်းခဲ့ပြီး အဲဒီကတဆင့် ကော့ဇ်ဘဇားခရိုင် အကျဉ်းထောင်ကို လွှဲပြောင်းပေးလိုက်ပြီးလို့ တက္ကနဖ်မြို့နယ် ရဲစခန်းက တာဝန်ရှိသူ မိုဟာမက် ဆိုင်ဖူလ် အစ္စလာမ်က မီဒီယာတွေကို ပြောပါတယ်။

"သူတို့ကို တရားဝင်ဖမ်းဆီးထားကြောင်း မှတ်တမ်းတင်ပြီး ဒီကနေ့မှာ တရားရုံးကတဆင့် ကော့ဇ်ဘဇားခရိုင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီ။”

အဆိုပါစစ်သုံ့ပန်းတွေဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက အာရက္ခတပ်တော်ထံမှာ ဖမ်းဆီးခံထားကြရတာဖြစ်ပြီး နတ်မြစ်ကို ကူးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွား ကြတာ ဖြစ်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောတိုက်ပွဲတွေတုန်းကလည်း စစ်အာဏာရှင်တပ်သားတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရာနဲ့ချီထွက်ပြေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ ထောင်ကျနေကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ နိုင်ငံကြား လဲလှယ်ခဲ့ပါတယ်။

အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အပြည့်အဝ ထိန်းချုပ်ထားသလို ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ အိန္ဒိယနယ်စပ် ပလက်ဝမြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Ref: The Daily Star

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013