DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် အစိုးရအဖွဲ့ဝင်လောင်းများ UFC ပွဲတွင် အောင်ပွဲခံ
DVB
·
November 18, 2024
ထရမ့်ပ်နှင့် အစိုးရအဖွဲ့ဝင်လောင်းများ UFC ပွဲတွင် အောင်ပွဲခံ
Donate to DVB

နယူးယောက်မြို့မှာကျင်းပတဲ့ UFC ထိုးသတ်ပွဲကို လာရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့  ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၊ အီလွန်မတ်စ်ခ်နဲ့ အစိုးရအဖွဲ့ဝင်လောင်းတွေကို ပွဲစီစဉ်သူတွေက ကောင်းချီးဩဘာပေး ကြိုဆိုခဲ့ကြပါတယ်။

ထရမ့်ပ်နဲ့အဖွဲ့ဟာ ဂီတသံတွေ၊ ကောင်းချီပေးသံတွေနဲ့အတူ မက်ဒီဆင်စကွဲဂါးဒန်းကို ဝင်ရောက်လာခဲ့ကြပြီး ပွဲစဉ်အတွင်းမှာ ထရမ့်ပ်ဟာ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်နဲ့ တက်စလာ CEO  အီလွန်မတ်စ်ခ်တို့ရဲ့ ကြားမှာ ထိုင်ပြီး ပွဲကိုကြည့်ရှုခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့မှာ အရေးပါလာမယ့် သူ ၂  ယောက်ဖြစ်တဲ့ ရောဘတ်ကနေဒီဂျူနီယာနဲ့ တူဆီလ်ဂါးဘတ်၊ အစိုးရအကျိုးသက်ရောက်မှုဌာနကို မတ်စ်ခ်နဲ့အတူ ဦးဆောင်မယ့် ဗီဗက်ရာမဆွာမိတို့ကို လူအုပ်ထဲမှာ တွေ့ခဲ့ရပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ထရမ့်ပ်ကို ထောက်ခံကြောင်း သူ့အစီအစဉ်မှာ ကြေညာခဲ့တဲ့ စီစဉ်တင်ဆက်သူနဲ့ UFC ပွဲကြေညာသူ ဂျိုးရေဂန်ကို ထရမ့်ပ်က အားတက်သရော နှုတ်ဆက်ခဲ့ပါတယ်။

ကြိုးဝိုင်းထဲကို ဝင်လာခဲ့တဲ့ ထရမ့်ပ်က "USA" လို့ ကြွေးကြော်နေကြတဲ့ ပရိသတ်ကို လက်ဝှေ့ရမ်း နှုတ်ဆက်ခဲ့သလို သူ့အောင်ပွဲပုံရိပ်တွေကို UFC က ပြသချိန်မှာ ကပါ ကခဲ့ပါတယ်။ UFC ဟဲဗီးဝိတ်ခါးပတ်ကို ဆက်ထိန်းထားနိုင်ခဲ့တဲ့ ဂျွန်ဂျုံးစ်က ထရမ့်ပ်ကို လာရောက်နှုတ်ဆက်ခဲ့ပြီး သူ့ခါးပတ်ကို ပေးအပ်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013