DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့အထွက်ကို MNDAA တင်းတင်းကျပ်ကျပ်စစ်ဆေး
DVB
·
November 16, 2024
လားရှိုးမြို့အထွက်ကို MNDAA တင်းတင်းကျပ်ကျပ်စစ်ဆေး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ရာ လားရှိုးမြို့ကနေ အထွက်ကို နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး MNDAA ဘက်က စစ်ဆေးရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသမီးတယောက်က “လားရှိုးအထွက်က စိစစ်ပြီးမှ ထွက်ခိုင်းတယ်လို့ ပြောတယ်။ ဟိုတနေ့က သူတို့ထောင်ဖောက်တယ် ပြောကြတာကော။ လားရှိုးကြီးထောင်လေ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ညက လားရှိုးကြီးထောင် ဖောက်ခံရပြီး အယောက် ၉၀ လွတ်သွားတဲ့အထဲက အယောက် ၃၀ ပဲ ပြန်ဖမ်းမိသေးတယ်တာကြောင့် မြို့အထွက်မှာ စိစစ်ပြီးမှ ထွက်ခိုင်းနေတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

ထောင်ဖောက်ပြီး နောက်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှာပဲ လားရှိုးကနေ အထွက်ကို တင်းကြပ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ခါတိုင်းကတော့ လာရှိုးမှာ အုပ်ချုပ်ရေးတင်းကျပ်ထားတာမရှိဘူး။ ဒီရက်ပိုင်းတော့ လားရှို့မြို့ အဝင်အထွက်တွေမှာ ဆိုင်ကယ်တွေ အဓိကထားပြီး စစ်နေတာတွေ တွေ့တယ်ဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ဖမ်းဆီးခံထားရသူ အယောက် ၁၀၀ လောက် ထောင်ဖောက်ပြေးတာရှိခဲ့ဖူးပြီး လက်ရှိမှာတော့ ထောင်မှာ လုံခြုံရေးတွေ အများကြီး တိုးမြှင့်ထားတယ်လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။

ထောင်ဖောက်တဲ့ကိစ္စ နဲ့ပတ်သက်လို့ MNDAA ဘက်က သေချာမထိန်းထားနိုင်တာလား ဆိုတာ မသိရ‌ဘဲ တိတိကျကျ ပြောပြသူတွေမရှိသလို ထုတ်ပြန်တာမျိုးတွေလည်း မရှိဘူးလို့ ဆိုပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၃၁ ယောက်ကို အောက်တိုဘာ ၂ဝ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့တော့ MNDAA ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ မနက်အစောပိုင်းမှာ လားရှိုးမြို့ အကျဉ်းထောင်အတွင်းကနေ အကျဉ်းထောင်တံခါးကို သော့ဖျက်ပြီး အကျဉ်းသား ၉၇ ယောက် ထွက်ပြေးခဲ့တာမှာ အယောက် ၄၀ ကျော်ကို ပြန်ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာနောက်ဆုံးအပတ်မှာလည်း MNDAA ရဲတပ်ဖွဲ့လုံခြုံရေးယူ စောင့်ကြပ်ထားတဲ့ကြားက စစ်ကောင်စီတပ် အရာရှိ ၁ ယောက်နဲ့ တပ်ကြပ်ကြီး ၂ ယောက် အပါအဝင် စုစုပေါင်း တပ်ဖွဲ့ဝင် ၈၀ ကျော် ထောင်ဖောက်ထွက်ပြေးခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013