DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်ပြည်သူများအတွက် ခြံထွက်သီးနှံများ မျှဝေ
DVB
·
November 16, 2024
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်ပြည်သူများအတွက် ခြံထွက်သီးနှံများ မျှဝေ
1 / 3
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဖယ်ခုံအနောက်ခြမ်းမှာ သီးနှံစိုက်ပျိုးလို့ရတဲ့ စစ်ဘေးရှောင် ပြည်သူတွေက ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းအတွက် ခြံထွက်သီးနှံတွေ ဝေငှတယ်လို့ ထွန်းမြန်မာဒိုနေရှင်းကနေ သိရပါတယ်။

ဖယ်ခုံအနောက်ခြမ်း စစ်ရှောင်တွေ ဆောင်းရာသီကာလ သီးနှံစိုက်ပျိုးလို့ အဆင်ပြေတာကြောင့် ဘဝတူ စစ်ရှောင်ပြည်သူတွေအတွက် တတ်နိုင်သလောက် ကူညီပေးတာဖြစ်တယ်လို့ သိရပါတယ်။

ထွန်းမြန်မာဒိုနေရှင်းမှ ကိုဖိုးဇော်က “ကျနော်တို့က သူတို့အတွက် ရိက္ခာတွေ ကုန်ခြောက်တွေ သွားလှူတယ်။ ခုချိန်ဆို သူတို့မှာ ဆောင်းသီးနှံတွေက ပေါ်ပြီ။ ကျနော်က သူတို့အတွက် ဖျော်ဖြေရေးလုပ်ပေးတယ်။ စစ်ဘေးရှောင်နဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်။ ပြီးတော့ သူတို့ဆီက အကူအညီ တချက်တောင်းတာပေါ့နော်။ ဆောင်းတွင်းသီးနှံတွေ ပြန်လှူပေးဖို့ပေါ့၊ သူတို့က အများကြီး လှူပေးပါတယ်” လို့ ပြောပါတယ်။

ဆောင်းရာသီထွက် သီးနှံတွေဖြစ်တဲ့ ဖရုံသီး၊ သခွားသီး၊ ဘူးသီး၊ ငရုတ်သီး၊ ငှက်ပျောအူ စတဲ့ သီးနှံတွေကို မနက်အစောခူးပြီး ကားနဲ့တင်ကာ သီးနှံစိုက်ပျိုးလို့မရတဲ့ ထင်းရှူးတောက စစ်ရှောင်စခန်းတချို့မှာ ပြန်လည်မျှဝေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး လွတ်မယ်ထင်ရတဲ့ နေရာတွေမှာ စစ်ရှောင်ရတဲ့အတွက် စစ်ရှောင်အများစုက စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေဘဲ ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့သာ ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ရှောင်စခန်း ၁၀၀ ကျော်ရှိပြီး စစ်ရှောင်စခန်းတခုမှာ လူဦးရေ ၁၂၀ ကျော်ကနေ ၅၀၀ ကျော်ထိ စုပေါင်းနေထိုင်ကြတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။

ကရင်နီမှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းကျော်ရှိကာ စစ်ရှောင်ကာလ ၃ နှစ်ကျော်လာပြီဖြစ်ပြီး စစ်ရှောင်ကာလ ကြာမြင့်လာတဲ့အတွက် စားနပ်ရိက္ခာတွေနဲ့ အနွေးထည်၊ စောင်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013