DVB Logo
Home
မြန်မာသတင်း
ဒေးဒရဲဒေသခံ ၂ ဦးကို PDF အတွက် ရိက္ခာစုဆောင်းပေးနေသူဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး
DVB
·
November 15, 2024
ဒေးဒရဲဒေသခံ ၂ ဦးကို PDF အတွက် ရိက္ခာစုဆောင်းပေးနေသူဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှာ တော်လှန်ရေးတပ် PDF တွေကို ထောက်ပံ့ရေးပစ္စည်းတွေ စုဆောင်းထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပြီး ဒေသခံ ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေးဒရဲမြို့နယ်၊ ကဝက်ချောင်း‌ကျေးရွာက ဒေသခံ အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက်ကို စစ်ကောင်စီတပ်က တော်လှန်ရေးတပ် PDF တွေကို ထောက်ပံ့ရေး ပစ္စည်းတွေ စုဆောင်း ဆက်သွယ်ကူညီထောက်ပံ့ပေးနေတယ်စွပ်စွဲပြီး နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

နီးစပ်သူတယောက်က “အဖမ်းခံရတာမှန်တယ်၊ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်။ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်၊ PDF တွေကို ရိက္ခာတွေ စုဆောင်းပေးတယ် ဆိုပြီးဖမ်းတာ။ ဘာကိုတွေ့လို့ ဖမ်းတာလဲတော့ မသိဘူး။ မိချိုဆိုတဲ့ အမျိုးသမီးပဲ နာမည်သိတယ်။ အမျိုးသားကို နာမည်မသိသေးဘူး” လို့ ပြောပါတယ်။

အဲဒီ စွပ်စွဲအဖမ်းခံရတဲ့ ဒေသခံ ၂ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် ဒေါ်မိချိုနဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တယောက်ဖြစ်ပြီး သူတို့ကို ဒေးဒရဲ ရဲစခန်းကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

PDF ကို ထောက်ပံ့တယ်လို့ စွပ်စွဲဖမ်းဆီးခံရတဲ့ အရပ်သား ၂ ယောက်ရဲ့ လက်ကိုင်ဖုန်းနဲ့ လက်ဝတ်ရတနာတွေကိုပါ စစ်ကောင်စီတပ်က တရားမဝင် အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက် ဆက်သွယ်နေတယ်လို့ စွပ်စွဲပြီး သိမ်းဆည်းထားတယ်လို့ နီးစပ်သူဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရဲတွေက အခုရက်ပိုင်းထဲ ဒေးဒရဲမြို့အဝင်နဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013