DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အစည်ကားဆုံး ထိုင်းရိုးရာ လွိုင်ကထုန်ပွဲတော်ကျင်းပ
DVB
·
November 15, 2024
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အစည်ကားဆုံး ထိုင်းရိုးရာ လွိုင်ကထုန်ပွဲတော်ကျင်းပ
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ထိုင်းရိုးရာ နာမည်ကျော်  လွိုင်ကထုန် မီးမျှောပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်နေ ၁၇ ရက်အထိ ကျင်းပနေပါတယ်။

ဒီပွဲတော်က ထိုင်းနိုင်ငံရဲ့ နေရာအနှံ့မှာ ကျင်းပနေတာဖြစ်ပြီး ချင်းမိုင်မြို့မှာတော့ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ အစည်ကားဆုံး ကျင်းပနေတာပါ။

ချင်းမိုင် လွိုင်ကထုန်ပွဲမှာတော့ နာမည်ကြီး ချင်းမိုင်မြို့ဟောင်း တာ့ဖဲဂိတ်ကနေ လမ်းတလျှောက် မီးအလှဆင်ထားတာတွေ မြင်တွေ့ရပါတယ်။

မယ့်ပင်းမြစ် တလျှောက်မှာဆိုရင်လည်း လွိုင်ကထုန် ပန်းအလှဆီမီးတွေကို မျှောပြီး လိုရာ ဆုကို တောင်းကြပါတယ်။

“လွိုင်ကထုန်”ရဲ့ အဓိပ္ပါယ်ကတော့ “လွိုင်” ဆိုတာ မျှောချခြင်း၊ “ကထုန်” ဆိုတာ ပန်းဆီမီး ထည့်ထားတဲ့ပန်းလို့ အဓိပ္ပာယ်ရပြီး မီးဖောင်မျှောပွဲလို့ ခေါ်ဆိုပါတယ်။

လွိုင်ကထုန်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက ဆူခိုထိုင်းခေတ် တတိယမြောက် မင်းဆက် ရာမ်ခမ်းဟိုင် ဘုရင်လက်ထက်မှာ စတင် ကျင်းပခဲ့တာပါ။

အခု ချင်းမိုင် လွိုင်ကထုန် ပွဲတော်မှာ‌တော့ ထိုင်းရိုးရာ အကအလှတွေနဲ့ အလှပြကားတွေ လှည့်လည်တာတွေ၊ ရိုးရာအကအလှတွေ ယှဉ်ပြိုင်ကြတာတွေ ပြုလုပ်ပါတယ်။ မယ့်ပင်းမြစ်တလျှောက်မှာလည်း မီးဖောင်မျှောပွဲကြီးနဲ့ ညဘက် ပွဲဈေးတန်းကြီးကို စည်စည်ကားကား မြင်တွေ့ရပါတယ်။

ဒီနှစ် ချင်းမိုင် လွိုင်ကထုန်ပွဲတော်အတွင်း မီးရှူးမီးပန်း ဖောက်တာတွေ၊ မီးပုံးအလှဆင်တာတွေ၊ ဆီမီးထွန်းတာတွေနဲ့မြို့တွင်းနဲ့ မြို့ပြင် နေရာအနှံ့မှာ မီးပုံးပျံတွေ လွှတ်တင်နေကြပါတယ်။

လွိုင်ကထုန်ပွဲတော်ကိုတော့ ထိုင်းလူမျိုးတွေသာမကဘဲ ထိုင်းရောက် မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းကို လာရောက် လည်ပတ်ကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေပါ သန်းနဲ့ချီ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

စစ်ပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာတော့ အာဏာမသိမ်းခင်နဲ့ ကိုဗစ် မတိုင်ခင် ကာလတွေကလို တန်ဆောင်တိုင် ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်တာ ၄ နှစ်ကျော် ၅ နှစ်နီးပါး ရှိနေပါပြီ။  

နေရာအနှံ့ပြားမှာ တိုက်ပွဲတွေကြောင့် တန်ဆောင်တိုင်ပွဲ မကျင်းပနိုင်ပေမဲ့ အခုနှစ်မှာ အာဏာသိမ်း စစ်ကောင်စီက တိုင်းပြည်ကို အေးချမ်းသယောင် ဝါဒဖြန့်ဖို့ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နဲ့ ရန်ကုန်မြို့တို့မှာ တန်ဆောင်တိုင်ပွဲတော် ကျင်းပနေပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013