DVB Logo
Home
မြန်မာသတင်း
ရွှေရည်ညွှန်းဈေး တကျပ်သားကို ကျပ် ၅၀၀,၀၀၀ ကျော် ကျဆင်း
DVB
·
November 15, 2024
ရွှေရည်ညွှန်းဈေး တကျပ်သားကို ကျပ် ၅၀၀,၀၀၀ ကျော် ကျဆင်း
Donate to DVB

သီတင်း ၂ ပတ်အတွင်း ကမ္ဘာ့ရွှေစျေး တအောင်စကို ဒေါ်လာ ၂၂၀ ကျော် ကျဆင်းခဲ့ပြီး ပြည်တွင်း ရွှေရည်ညွှန်းစျေးလည်း တကျပ်သားကို ကျပ် ၅၀၀,၀၀၀ ကျော် စျေးပြန်ကျဆင်းခဲ့ပါတယ်။

နှစ်ပတ်တာအတွင်းမှာ ကမ္ဘာ့ရွှေက အမြင့်ဈေး ၂,၇၈၀ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံး ၂,၅၅၄ ဒေါ်လာအထိ ကျဆင်းခဲ့တာပါ။

အလားတူ ပြည်တွင်းရွှေရည်ညွှန်းစျေးကလည်း အမြင့်ဆုံးဈေး ၅,၇၀၀,၀၀၀ ထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာ အနိမ့်ဆုံးဈေး ၅,၁၈၀,၀၀၀ ဝန်းကျင်အထိ ပြန်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ပြန်ကျဆင်း‌လာတဲ့ ကမ္ဘာ့ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်မှုဈေးနှုန်း သက်ရောက်မှု‌တွေကြောင့် ပြင်ပရွှေဈေးနှုန်းကလည်း သီတင်းနှစ်ပတ်အတွင်းမှာ ကျပ် ၃၀၀,၀၀၀ ခန့် ပြန်ကျဆင်းလာပါတယ်။

ပြင်ပရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ကျပ် ၆,၅၀၀,၀၀၀ ဝန်းကျင်ရှိပြီး လက်ရှိမှာ ၆,၂၀၀,၀၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့တာပါ။

ပြည်တွင်းရွေဈေးက ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းက စံချိန်တင်ဈေး ကျပ် ၈,၅၀၀,၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်က ဈေးကွက်အတွင်း ဒေါ်လာတွေ ပမာဏများများ မကြာခဏ ဝင်ရောက်ရောင်းချတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒေါ်လာငွေလဲနှုန်းနဲ့အတူ တစတစ ပြန်ကျဆင်းလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကျပ် ၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း တရိပ်ရိပ် ပြန်ကျလာခဲ့ပြီး လက်ရှိမှာ ၄,၅၀၀ ကျပ်ဝန်းကျင်မှာ ဈေးငြိမ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013