
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးက သူ့ရဲ့ မူးယစ်ဆေးကို နှိမ်နင်းတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာရာဇ၀တ်တရားရုံး (ICC) က စုံစမ်းစစ်ဆေးတာတွေ အမြန်လုပ်သင့်တယ်လို့ နိုဝင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ဖိလစ်ပိုင် နိုင်ငံသား ထောင်ပေါင်းများစွာကို သတ်ခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်ကြားနာပွဲမှာ ဒူတာတေးက ပြောလိုက်တာပါ။
“အမြန်လုပ်ပေးဖို့ ICC ကို တောင်းဆိုနေပါတယ်။ ဖြစ်နိုင်ရင် သူတို့ ဒီကိုလာပြီး မနက်ဖြန်မှာ စုံစမ်းစစ်ဆေးမှုတွေ စနိုင်ပါတယ်”လို့ ဒူတာတေးက စုံစမ်းစစ်ဆေးမှုအတွင်း လွှတ်တော်ထဲမှာ ပြောခဲ့ပါတယ်။
နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က တောင်းဆိုလာရင် ဒူတာတေးကို လွှဲပြောင်းပေးဖို့ လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ သိသာထင်ရှားပြီး ဒူတာတေးရဲ့ ၂၀၁၆-၂၀၂၂ သမ္မတရာထူး သက်တမ်းကို သတ်မှတ်ခဲ့တဲ့ သွေးထွက်သံယို တိုက်ပွဲစဉ်တရပ်နဲ့ ပတ်သက်ပြီး မနှစ်က စုံစမ်းစစ်ဆေးဖို့ လမ်းရှင်းပေးခဲ့တာပါ။
ဖိလစ်ပိုင်အစိုးရဟာ ICC နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပထမဆုံးဆုံးအကြိမ် အရိပ်အမြွက်ပြ ပြောဆိုခဲ့ပါတယ်။
Source: Reuters