DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတွင် မြောက်ကိုရီးယား ပါဝင်ပတ်သက်မှုအတွက် ခိုင်မာသည့် တုံ့ပြန်မှုရရှိလိမ့်မည်ဟုလို့ ဝန်ကြီး ဘလင်ကန်ပြော
DVB
·
November 14, 2024
ယူကရိန်းတွင် မြောက်ကိုရီးယား ပါဝင်ပတ်သက်မှုအတွက် ခိုင်မာသည့် တုံ့ပြန်မှုရရှိလိမ့်မည်ဟုလို့ ဝန်ကြီး ဘလင်ကန်ပြော
Donate to DVB

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ဘရပ်ဆဲလ်မှာ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရတ်တာနဲ့ နိုဝင်ဘာ ၁၃ ရက်ကတွေ့ဆုံခဲ့ပြီး ဘိုင်ဒင်အစိုးရဟာ ဒေါ်နယ်ထရမ့်ပ် သမ္မတအဖြစ် ပြန်ရောက်မလာသေးခင် လပိုင်းအတွင်း ယူကရိန်းအတွက် ခိုင်မာတဲ့ ထောက်ခံမှုရစေဖို့နဲ့ အဲဒီအချိန်မှာ မဟာမိတ်တွေ အားကောင်းလာစေဖို့ ကြိုးပမ်းသွားမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုကို‌ မေးခွန်းထုတ်ထားတဲ့ ရွေးကောက်ခံသမ္မတ ထရမ့်ပ်က ရုရှားရဲ့စစ်ပွဲကို အမြန်အဆုံးသတ်သွားအောင် လုပ်မယ်လို့ ပြောကြားလိုက်ပြီး ဘယ်လို လုပ်ဆောင်မယ် ဆိုတာကိုတော့ မပြောထားတာကြောင့် သူဟာ မော်စကိုရဲ့ စည်းကမ်းချက်တွေပေါ်က ငြိမ်းချမ်းရေးကို လက်ခံစေဖို့ ကိယက်ဗ်ကို တွန်းအားပေးဖို့ ကြိုးပမ်းလာမှာကို အမေရိကန်မဟာမိတ်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ 

ရုရှားဟာ ကီလိုမီတာ ၁၀၀၀ ကျော်ရှိတဲ့ ရှေ့တန်းတလျှောက် သိမ်းပိုက်မှုတွေ ရှိနေတာကြောင့် သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးမှ မထွက်ခွာခင် ယူကရိန်းကို အကူအညီတွေ တိုးမြှင့်ပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဝါရှင်တန်ရဲ့ အနာဂတ်အခန်းကဏ္ဍ မရေရာမှုနဲ့အတူ အမေရိကန်မဟာမိတ်တွေက ယူကရိန်းအတွက် ထောက်ခံမှုအပေါ် ဘယ်လို ဦးဆောင်မှု ကြီးကြီးမားမား ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကို ဘရပ်ဆဲလ်မှာ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ယူကရိန်းနဲ့စစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့တွေနဲ့အတူ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေး စစ်ဆင်ရေးတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

ပြုံယမ်းနဲ့ မော်စကိုရဲ့ ဆက်ဆံရေးဟာ အပေးအယူကို အခြေခံတဲ့ ဆက်ဆံရေး ဖြစ်ပြီး ယူကရိန်းမှာ မြောက်ကိုးရီးယား ပါဝင်ပတ်သက်မှုဟာ “ခိုင်မာတဲ့ တုံ့ပြန်မှု”ကို ရလိမ့်မယ်လို့ ဝန်ကြီး ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုရှားဟာ နျူကလီးယားစွမ်းရည် အပါအဝင် မြောက်ကိုရီးယားရဲ့စွမ်းရည်ကို အားကောင်းစေဖို့ ရုရှားက လုပ်ဆောင်နေတာ ဒါမှမဟုတ် လုပ်ဆောင်နိုင်မှုအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မှုရှိပါကြောင်းလည်း ဘလင်ကန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ ဂါဇာကမ်းမြောင်ဒေသမှာ လိုအပ်တဲ့ အကူအညီတွေ ရနိုင်ဖို့အတွက် တိုက်ပွဲတွေကို အစစ်အမှန် ရက်ထပ်တိုးချဲ့ ရပ်နားလိုကြောင်း ဘလင်ကန်က ပြောကြားလိုက်ပေမဲ့ လူတွေကို ကူညီဖို့ အကောင်းဆုံးနည်းလမ်းကတော့ စစ်ပွဲကို အဆုံးသတ်ဖို့ပါပဲလို့လည်း ပြောသွားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013