DVB Logo
Home
မြန်မာသတင်း
ဦးတေဇကုမ္ပဏီအပါအဝင် ၁၇ ခုကို အမည်ပျက်စာရင်းမှ စစ်အာဏာရှင်ဩဇာခံ ဗဟိုဘဏ် ပြန်ဖျက်
DVB
·
April 28, 2026
  ဦးတေဇကုမ္ပဏီအပါအဝင် ၁၇ ခုကို အမည်ပျက်စာရင်းမှ စစ်အာဏာရှင်ဩဇာခံ ဗဟိုဘဏ် ပြန်ဖျက်
Donate to DVB

ပို့ကုန်ရငွေမသွင်းတာကြောင့် အမည်ပျက်စာရင်းသွင်းခဲ့တဲ့ ကုမ္ပဏီတွေထဲကနေ ဦးတေဇပိုင် ကုမ္ပဏီအပါအဝင် ၁၇ ခုကို စာရင်းက ပြန်ဖျက်လိုက်ပြီလို့ စစ်အာဏာရှင်ဩဇာခံ ဗဟိုဘဏ်က ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်မဝင်ရောက်တဲ့ ကုမ္ပဏီတွေထဲက အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့အထက်ရှိတဲ့ ကုမ္ပဏီ ၂၈ ခု၊ ၂ဝ၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်မဝင်ရောက်တဲ့ ကုမ္ပဏီတွေထဲက အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့ အထက်ရှိတဲ့ ကုမ္ပဏီ ၅၅ ခု၊ ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်မဝင်တဲ့ ကုမ္ပဏီ ၁၉၇ ခု၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်တွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်မဝင်ရောက်တဲ့ ကုမ္ပဏီ ၂၈၇ ခုတို့ကို အမည်ပျက်စာရင်းသွင်းပြီး တာဝန်ရှိသူတွေကို မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ကုမ္ပဏီတွေထဲက ၂၉ ခုဟာ ပို့ကုန်ရငွေတွေ အပြည့်အဝပြန်ပေးပြီးဖြစ်တာကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ ကုမ္ပဏီနဲ့ ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်ပျက်စာရင်းသွင်းတာနဲ့ မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးတာကနေ ပယ်ဖျက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ဦးတေဇရဲ့ ထူး ကုမ္ပဏီအပါအဝင် ၁၇ ကိုလည်း ပို့ကုန်ရငွေတွေ အပြည့်အဝ ပြန်ပေးပြီးဖြစ်တာကြောင့် ကုမ္ပဏီနဲ့ ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်ပျက်စာရင်း သွင်းတာနဲ့ မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးတာကနေ ပယ်ဖျက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013