DVB Logo
Home
နိုင်ငံတကာ
Fox News သတင်းအစီအစဉ်တင်ဆက်သူကို ကာကွယ်ရေးဝန်ကြီးအဖြစ် နာမည်စာရင်း သွင်းမည်
DVB
·
November 13, 2024
Fox News သတင်းအစီအစဉ်တင်ဆက်သူကို ကာကွယ်ရေးဝန်ကြီးအဖြစ် နာမည်စာရင်း သွင်းမည်
Donate to DVB

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် Fox News သတင်းဌာန အစီအစဉ်တင်ဆက်သူ ပိထ်ဟက်ဆက်သ်ကို နာမည်စာရင်း သွင်းမယ်လို့  နိုဝင်ဘာ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။ 

ပိထ်ဟာ ခိုင်မာထက်မြက်ပြီး ‘အမေရိကသာ ပထမဆုံး’ ဆိုတဲ့ ဆောင်ပုဒ်ကို ယုံကြည်သူ ဖြစ်တယ်လို့ ထရမ့်ပ်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“ပိထ်ကသာ ဦးဆောင်ရင် အမေရိကန်ရဲ့ ရန်သူတွေက သတိထားမိမှာပါ၊ ငါတို့ရဲ့ စစ်အင်အားက တကျော့ပြန်ကောင်းလာမှာဖြစ်ပြီး၊ အမေရိကန်က ဘယ်တော့မှ နောက်ပြန်ဆုတ်မှာ မဟုတ်ဘူး” လို့ ထရမ့်ပ်က ပြောပါတယ်။

ဟက်ဆက်သ်ဟာ ကြည်းတပ်အမျိုးသားအစောင့်တပ်က စစ်ပြန်တယောက် ဖြစ်ပြီး ကျူးဘားနိုင်ငံ၊ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဂွါတာနာမို ပင်လယ်အော်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013