DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာ လက်နက်အဆောက်အဦများကို တစစီ ဖြိုဖျက်ခဲ့ဟု အစ္စရေးစစ်တပ်ပြော 
DVB
·
November 13, 2024
ဟစ်ဇ်ဘိုလာ လက်နက်အဆောက်အဦများကို တစစီ ဖြိုဖျက်ခဲ့ဟု အစ္စရေးစစ်တပ်ပြော 
Donate to DVB

အစ္စရေးစစ်တပ်ဟာ ဘေရွတ်မြို့ တောင်ပိုင်း ဒါဟီယယ် ဆင်ခြေဖုံးရပ်ကွက်ရှိ ဟစ်ဇ်ဘိုလာရဲ့ လက်နက်နဲ့ ဒုံးကျည် အဆောက်အဦအများစုကို တစစီ ဖြိုဖျက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

စစ်တပ်ဟာ အဆောက်အဦအမျိုးမျိုးအပေါ် တိုက်ခိုက်မှုတွေကို ဝေဟင်မှ ရိုက်ကူးရေး လုပ်ထားတဲ့ အဖြူအမည်းကာလာသုံး ဗီဒီယိုကို ပြထားပါတယ်။ 

နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ ဘေရွတ်မြို့ တောင်ပိုင်းဆင်ခြေဖုံးတွေမှာ ဧရာမ ပေါက်ကွဲမှုကြီးတခု ဖြစ်ပွားခဲ့ပြီးတော့ မီးလောင်ကျွမ်းခဲ့ပြီး မီးခိုးလုံးကြီးတွေ လေထဲကို ထိုးထွက်လာခဲ့ပါတယ်။ 

လက်ဘနွန် စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်မှုအပြီးမှာပဲ အစ္စရေး နယ်စပ်အသိုင်းအဝိုင်းအတွင်းကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့တာပါ။ 

အစ္စရေးနဲ့ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ဟာ ဂါဇာစစ်ပွဲနဲ့အပြိုင် တနှစ်ကျော်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပေမဲ့ လက်ဘနွန်ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်တဲ့ စက်တင်ဘာလနှောင်းပိုင်းကစပြီး တိုက်ပွဲတွေ သိသိသာသာ ပြင်းထန်လာခဲ့တဲ့အပြင် လက်ဘနွန်တောင်ပိုင်းနဲ့ ဘေရွတ်မြို့တို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြင်းထန်လာခဲ့ကာ နယ်ခြားရွာတွေကိုလည်း မြေပြင်ကျူးကျော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးနိုင်ငံကို နေ့စဉ် ဒုံးပျံတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်နေပါတယ်။

အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခ နောက်ဆုံးအကျော့ စတင်ခဲ့ကတည်းက လက်ဘနွန်ကို အစ္စရေးက တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃,၂၈၇ ယောက် အထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၄၂၂၂ ယောက် အထိ မြင့်တက်လာခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013