DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ မအောင်မြင်သည့် သန်းခေါင်စာရင်းကောက်ယူမှု သမိုင်းဆိုးတွင်ခဲ့ပြီဟု သပိတ်အင်အားစုကြေညာ
DVB
·
November 12, 2024
စစ်ကောင်စီ၏ မအောင်မြင်သည့် သန်းခေါင်စာရင်းကောက်ယူမှု သမိုင်းဆိုးတွင်ခဲ့ပြီဟု သပိတ်အင်အားစုကြေညာ
Donate to DVB

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ မအောင်မြင်တဲ့အကြောင်းနဲ့ မြန်မာ့ သမိုင်းတလျှောက်လုံးမှာ အဆင့်အတန်းမရှိတဲ့၊ အားကိုးယုံကြည်ဖွယ်ရာ မရှိတဲ့ ပုံပျက်ပန်းပျက်လုပ်ရပ်အဖြစ် သမိုင်းဆိုးတွင်ခဲ့ပြီလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာလိုက်ပါတယ်။

စစ်ကောင်စီက ၂၀၂၅ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အကြိုလုပ်ငန်းစဉ်အဖြစ် အောက်တိုဘာ ၁ ရက်မှ  ၁၅ ရက်အထိ ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ အနက်  မြို့နယ် ၂၃၃  ခုထက်မနည်း တိုင်းပြည် ဧရိယာ ၇၀ ရာခိုင်နှုန်းကျော်မှာတိုက်ပွဲတွေဖြစ်နေသလို စက်တင်ဘာလအတွင်းက ရေကြီး ရေလျှံမှုကြောင့် လူဦးရေ ၄၀၀ ကျော် သေဆုံး၊ အယောက် ၁၀၀ ထက်မနည်း ပျောက်ဆုံးခဲ့ပြီး  ရေဘေးသင့် ပြည်သူ ၁ သန်းကျော် ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံနေရချိန်မှာ သန်းကောက်စာရင်း ကောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေကို  မျက်ကွယ်ပြုပြီး နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၅၆၀၀၀ ကျော် အသုံးပြုခဲ့ကာ ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမတွေကို အဓမ္မ စေခိုင်းကာ သန်းခေါင်စာရင်း ကောက်ယူခဲ့တာဖြစ်တယ်လို့ သပိတ်အင်အားစုက ပြောပါတယ်။

နိုင်ငံအရင်းအမြစ်များစွာကို မတရားသဖြင့် အသုံးပြုပြီး  ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အင်အားပြ၊ သေနတ်ထောက် အတင်းအကျပ် ကောက်ယူဖို့ စစ်အုပ်စုက ကြိုးစားခဲ့ပေမဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ကြည်ဖြူစွာ ပူးပေါင်းမှု  လုံးဝ မရရှိခဲ့ဘဲ နောက်ထပ် ၁၅ ရက်ထပ်တိုးကာ အောက်တိုဘာလကုန်အထိ ကောက်ယူခဲ့ရတာဟာ  သန်းခေါင်စာရင်း ကောက်ယူမှု မအောင်မြင်ခဲ့ကြောင်း သက်သေ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

စစ်အုပ်စုရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အဓမ္မ ကောက်ယူမှုဟာ လုပ်ငန်းစဉ်အရ အနှစ်သာရ မရှိသလို ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ကြည်ဖြူစွာ ပူးပေါင်းမှုလည်း မရရှိလို့ ရရှိတဲ့ အချက်အလက်တွေလည်း ခိုင်မာ မှန်ကန်မှုမရှိဘူးလို့  သပိတ်အင်အားစုက ပြောပါတယ်။  

စစ်အုပ်စုရဲ့ အဓမ္မ သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းစဉ် နည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို  အလေးအမြတ်ပြုကြောင်းနဲ့   စစ်အုပ်စုရဲ့ အတုအယောင် ဟန်ပြ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးပမ်းတဲ့ ကိစ္စရပ်တွေမှာ ဆန့်ကျင်တာ အပါအဝင် အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရေး အရှိန်အဟုန်မြှင့် ပါဝင်တော်လှန်‌ပေးကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ရလဒ်နဲ့ ပတ်သက်လို့ ခုအချိန်အထိ ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013