DVB Logo
Home
နိုင်ငံတကာ
အဖွဲ့အစည်းများ၏ အလွဲသုံးစားလုပ်ခံခဲ့ရသူများကို နယူးဇီလန်အစိုးရက နိုင်ငံတော်အဆင့် တောင်းပန်
DVB
·
November 12, 2024
အဖွဲ့အစည်းများ၏ အလွဲသုံးစားလုပ်ခံခဲ့ရသူများကို နယူးဇီလန်အစိုးရက နိုင်ငံတော်အဆင့် တောင်းပန်
Donate to DVB

နယူးဇီလန်နိုင်ငံဟာ လွန်ခဲ့တဲ့နှစ် ၇၀ အတွင်း အဖွဲ့အစည်းလိုက် ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုခံခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ လူငယ်တွေနဲ့ ထိခိုက်လွယ်တဲ့ လူကြီးတွေ၊ ဒုက္ခသည်တွေနဲ့ မိသားစုတွေကို ရှားရှားပါးပါး နိုင်ငံတော်အဆင့်နဲ့ နိုဝင်ဘာ ၁၂ ရက်က တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတော်အဆင့်နဲ့ ယုံကြည်ကိုးကွယ်မှုအခြေပြု စောင့်ရှောက်ရေးဂေဟာတွေမှာ ကလေးတွေနဲ့ ထိခိုက်လွယ်တဲ့ လူကြီး အယောက် ၂ သိန်းလောက်ဟာ ၁၉၅၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အလွဲသုံးစားလုပ်မှု ပုံစံတချို့ကို ကြုံတွေ့ခဲ့ရတာကို တွေ့ရှိခဲ့တယ်လို့ ဇူလိုင်လက လူထုစုံစမ်းရေးကော်မရှင်ကအစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ 

အစိုးရက စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက် ၂၈ ချက်ကို လုပ်ဆောင်ခဲ့ပြီး၊ အပြည့်အဝ တုံ့ပြန်မှုကို လာမယ့်နှစ် အစောပိုင်းမှာ ထုတ်ပြန်မယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

တော်ဝင်စုံစမ်းရေးကော်မရှင်က လူဦးရေ ၅ ဒသမ ၃ သန်းရှိတဲ့ နယူးဇီလန်မှာ အလွဲသုံးစားမှုကနေ အသက်ရှင် ကျန်ရစ်သူ ၂၃၀၀ ကျော်ကို စကားပြောဆိုခဲ့တာပါ။ 

စုံစမ်းမေးမြန်းရာမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း အထွတ်အထိပ်ရောက်ခဲ့တဲ့ အဓမ္မပြုကျင့်ခြင်း၊ သားကြောဖြတ်ခြင်း၊ လျှပ်စစ်ရှော့ခ်တိုက်ခြင်းတို့ အပါအဝင် နိုင်ငံတော်နဲ့ ယုံကြည်မှုအခြေပြု စောင့်ရှောက်ရေးဂေဟာတို့မှာ အလွဲသုံးစားလုပ်မှု အများအပြားကို အသေးစိတ် ဖော်ပြထားပါတယ်။ 

ဒေသခံမာအိုရိ အသိုက်အဝန်းက လူတွေဟာ အထူးသဖြင့် အလွဲသုံးစားပြုမှုဒဏ်ကို ခံခဲ့ကြရပြီး စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေလည်း အလွဲသုံးစားလုပ်ခံရတယ်လို့ အစီရင်ခံစာက တွေ့ရှိခဲ့ပါတယ်။

ကလေးသူငယ်တွေအပေါ် အလွဲသုံးစားလုပ်မှုကို အရင်က ပြစ်တင်ရှုတ်ချခဲ့ဖူးတဲ့ နယူးဇီလန်အစိုးရ၊ ပုပ်ရဟန်းမင်းကြီးနဲ့ ကန်တာဘူရီဂိုဏ်းချုပ်၊ ကက်သလစ်နဲ့ အင်္ဂလီကန်အသင်းတော်တွေရဲ့ အကြီးအကဲတွေကပါ ဒီဖြစ်ရပ်အတွက် လူသိရှင်ကြား တောင်းပန်ဖို့ အပါအဝင် အကြံပြုချက် ၁၃၈ ရပ်ကို အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013