DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်
DVB
·
November 12, 2024
အင်းစိန်တွင် ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်
Donate to DVB

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမ‌ဘေးရှိ ရွာမအရှေ့ရပ်ကွက်ရုံးမှာ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီခွဲလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှု အခြေအနေကို‌တော့ မသိရသေးဘူးလို့  မြို့ခံတွေက ပြောပါတယ်။ 

ပြည်တော်သာကွေ့ ကားမှတ်တိုင်နဲ့ ဗဟိုလမ်းထောင့်မှာ ရှိနေတဲ့ အဆိုပါ ရပ်ကွက်ရုံးဟာ အင်းစိန်မြို့မရဲစခန်းနဲ့ ကားမောင်းမိနစ် ၁ မိနစ်လောက် အကွာအဝေးမှာ ရှိပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက လာရောက်စစ်ဆေးခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။

အင်းစိန်မြို့ခံတယောက်က  “GTI နားက ရပ်ကွက်ရုံး၊ ရွာမအရှေ့။ ဒီနေ့ခင်းလောက်က ပေါက်ကွဲသံ ကြားရတာ။ ရဲကားတစီး လာစစ်တာ တွေ့တယ်။ စစ်သားတွေလည်း ပါတယ်” လို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုကို ရန်ကုန်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်း ၁ လုံး အသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကရင်နီပြည်ရဲ့ ၁၁.၁၁ စစ်ဆင်ရေး တနှစ်ပြည့်ကို ဂုဏ်ပြုတာကြောင့် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ 

Dark Shadow တပ်ဖွဲ့ သတင်းပြန်ကြားတာဝန်ရှိသူက “တစ်လုံးပဲ ခွဲတာပါ။ ထိခိုက်မှု အခြေအနေက စုံစမ်းနေတုန်းပါ။ ရဲဘော်များ ဘေးကင်းပါပြီ။ safe ဖြစ်ပါတယ်။  ပြည်သူတွေကို အသိပေးချင်တာတော့ တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ အသွားအလာ ဂရုစိုက်ကြဖို့နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ဒေါက်တိုင်တွေ၊ အဆောက်အဦအနီးအနား ဖြတ်သန်းသွားလာခြင်းကို ဂရုစိုက်ကြဖို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

Dark Shadow တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် ၂၇ ရက် ၁၀ လပိုင်း ၂၀၂၄ နေ့ ည ၇ နာရီခွဲကလည်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီး၊ ခရေပင်လမ်း၊ စစ်ကောင်စီ အမှတ် (၉၈၁) တပ်ဂိတ်ကို   အဝေးထိန်းမိုင်းနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

နိုဝင်ဘာလ ၈ ရက် ညပိုင်း ၇ နာရီမှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီး(EPC) လျှပ်စစ်ရုံး၊ ကင်းတဲအနီးမှာ လက်ပစ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး ဒီတိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ်(ပကဖ)နဲ့ Yangon UG People Army တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013