DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို လှောင်ပြောင်သရော်သည့် ငါးမင်းဆွေကို အခြားပုဒ်မများနှင့် ထပ်မံစစ်ဆေး
DVB
·
November 12, 2024
စစ်ခေါင်းဆောင်ကို လှောင်ပြောင်သရော်သည့် ငါးမင်းဆွေကို အခြားပုဒ်မများနှင့် ထပ်မံစစ်ဆေး
Donate to DVB

စစ်ခေါင်းဆောင်ရဲ့ပုံကို ဖြတ်ညှပ်ကပ်လုပ်ပြီး လူမှုကွန်ရက်မှာ လှောင်ပြောင်သရော်ခဲ့လို့ ဖမ်းဆီးခံရတဲ့ ငါးမင်းဆွေကို လှိုင်မြို့မရဲစခန်းက ပုဒ်မ ၅၀၅ (က) အပြင် တခြားပုဒ်မတွေနဲ့ပါ စစ်ဆေးနေတယ်လို့  ရဲစခန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ  သိရပါတယ်။

ရန်ကုန်ကနေ ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာကို ပြန်တဲ့အချိန် အောက်တိုဘာ ၂၇ ရက်မနက်က ကျိုက်ထိုမြို့မရဲစခန်းက ဖမ်းဆီးပြီး ရန်ကုန်ကို အောက်တိုဘာ ၂၈ ရက်မှာ လွှဲပြောင်းပေးခဲ့တယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“ကနဦးအမှုဖွင့်တာ ပုဒ်မ ၅၀၅ (က)နဲ့ တခြားပုဒ်မတွေနဲ့ ထပ်ဖွင့်ဖို့ တပ်က စစ်ဆေးနေတယ်။ သူကို ဖမ်းဖို့လည်း တပ်ကပဲ ဖိအားပေးတာ ကာချုပ်ပုံကို ဖြတ်ညှပ်ကပ်လုပ်တဲ့ကိစ္စ ဖြစ်မယ်။”

ငါးမင်းဆွေ အဖမ်းခံရတဲ့ကိစ္စ တပ်ထောက်ခံသူအများစုက ပျော်နေကြလို့ ရေနစ်သူကို ဝါးကူမထိုးဖို့ အမျိုးသားလှုပ်ရှားသူ မပုတုက တပ်ထောက်ခံသူအများစုကို သတိပေးပြောဆိုခဲ့ ပါတယ်။

“ကျမက ဟိုအရင်ကတည်းက နိုင်ငံပိုင်သတင်းစာတွေထဲမှာ ဦးငါးမင်းဆွေ ဆောင်းပါးတွေ ဖတ်ခဲ့ရတယ်။ သူ့ကြောင့် ဆောင်းပါးတွေကြောင့် အသိအမြင်တွေ ရခဲ့ရတယ်။ သူကို ၅၀၅ နဲ့ ဖမ်းပြီးပါပြီ။ ဒီအချိန်မှာ  ရေနစ်သူကို ဝါးကူထိုးတဲ့ပုံစံမျိုး ပြောဆိုတာတွေ မလုပ်ကြပါနဲ့။”

ပြီးခဲ့တဲ့ အောက်တိုဘာလက နေပြည်တော်မှာ တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း၊ အောင်မင်းနဲ့ ငါးမင်းဆွေတို့ ၃ ယောက် ရန်ဖြစ်ခဲ့လို့ တပ်က လူတွေနဲ့အမျိုးသားရေးလှုပ်ရှားသူ ဝင်ရောက် ဖျန်ဖြေပေးခဲ့ရပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကလည်း ငါးမင်းဆွေက လူမှုကွန်ရက်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားခဲ့လို့ ဖမ်းဆီးခံရပြီး ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုခံရကာ ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် ကျပ်  ၁ သိန်းချမှတ်ခဲ့ပါတယ်။

ငါးမင်းဆွေဟာ စစ်အာဏာရှင်ဦးသန်းရွှေ လက်ထက်မှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မကောင်းကြောင်းတွေရေးကာ နာမည်ရလာတဲ့သူတယောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013