DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အရိုက်ခံရမှုဖြစ်စဉ်၌ အဖမ်းခံရသည့် လူငယ်များနှင့် အဆက်အသွယ်မရ 
DVB
·
November 11, 2024
မအူပင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အရိုက်ခံရမှုဖြစ်စဉ်၌ အဖမ်းခံရသည့် လူငယ်များနှင့် အဆက်အသွယ်မရ 
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့အမှတ် ၁၂ ရပ်ကွက်က အုပ်ချုပ်ရေးမှူး အရိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တဲ့ ဒေသခံလူငယ် အယောက် ၂၀ နဲ့ သူတို့ရဲ့မိသားစုတွေ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

သြဂုတ် ၃၁ ရက်က အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ချောင်းအရိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နဲ့ ၂ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဒေသခံ အမျိုးသားအယောက် ၂၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။  ဖမ်းဆီးခံရသူတွေနဲ့ မိသားစုတွေဟာ ဒီနေ့ နိုဝင်ဘာ ၁၁ ရက်  အချိန် နှစ်လကျော်လာတဲ့အထိ အဆက်အသွယ် ပြတ်နေတယ်လို့ ဆိုပါတယ်။ 

ဒေသခံ အမျိုးသမီး တယောက်က “အုပ်ကြီးက သြဂုတ် ၃၁ ရက်ညပိုင်းမှာ ချောင်းအရိုက်ခံရတာ။ သူ အရိုက်ခံရပြီးတော့ စစ်ကောင်စီတပ်က အရပ်ထဲက လူငယ်တွေကို ရက်ဆက်ကို ဖမ်းဆီးခဲ့တာ။ ဖမ်းခံရသူတွေနဲ့ ဒီနေ့အထိ အစအနပျောက်နေတာ။ ဟုတ်လား မဟုတ်လားတော့ မသိဘူးပေါ့နော်။ စကစက စစ်မှုထမ်းဖို့ ထည့်လိုက်တာလို့ ကြားတာပဲ။ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေဆီ သွားရောက်စုံစမ်းတာ။ ရဲတွေက အသစ်တွေ ပြောင်းလာတာမို့ မသိဘူးလို့ ပြောတာ” လို့ ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ အရပ်သားတွေထဲမှာ မအူပင်မြို့ အမှတ် ၁၂ ရပ်ကွက်ထဲက လူငယ်တွေ အများဆုံးပါဝင်ပြီး စစ်ကောင်စီတပ် အင်အား ၃၀ ကျော်နဲ့ ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်က လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အရိုက်ခံရတဲ့ အုပ်ကြီးက ဦးခေါင်းနောက်စေ့ ကွဲသွားတယ်။ ဆေးရုံမှာ ချုပ်လိုက်ရတယ်။ အရိုက်ခံရတာနဲ့ပတ်သက်ပြီး အဲဒီရက်ပိုင်းထဲမှာပဲ လူငယ်တွေကို ဖမ်းဆီးခဲ့တာလည်း ဟုတ်တယ်။ နောက်ပိုင်း အခြေအနေကိုတော့ မသိရဘူး” လို့ ပြောပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်နွှယ်ပတ်သက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အသက် ၂၄ အရွယ် မအူပင်မြို့နယ် အောင်ဟိတ်ကျေးရွာအုပ်စု၊ အင်းမကျေးရွာက မောင်လင်းထက်အောင်ဟာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုကြောင့် စက်တင်ဘာ ၁၉ ရက်ညပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

Photo - Win Ko

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013