DVB Logo
Home
နိုင်ငံတကာ
တိပ်ကပ်ထားသည့် ငှက်ပျောသီး ဒေါ်လာ ၁ သန်းခွဲဖြင့် လေလံတင်မည်
DVB
·
November 11, 2024
တိပ်ကပ်ထားသည့် ငှက်ပျောသီး ဒေါ်လာ ၁ သန်းခွဲဖြင့် လေလံတင်မည်
Donate to DVB

နယူးယောက်စီးတီးက ဆာ့သ်ဘီးစ် အနုပညာလက်ရာလေလံပွဲက အကြိုမိတ်ဆက်ပွဲ နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီးကို ပုံမှန်မဟုတ်တဲ့ မြင်ကွင်းတခုအဖြစ် မြင်တွေ့နေရပါတယ်။ 

‘ဟာသပညာရှင် (Comedian)’  လို့ အမည်ပေးထားတဲ့ စိတ်ကူးအဓိက အနုပညာလက်ရာ (Conceptual art) ကို မော်ရီဇီယို ကတ်တယ်လန်က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၉ မှာ ဒီလက်ရာကို မိုင်ယာမီက အာ့တ်ဘယ်ဇယ် ပြပွဲမှာ ပြသခဲ့ပြီး အုတ်အော်သောင်းတင်း ဖြစ်စေခဲ့ပါတယ်။  

ဒီလက်ရာကို နိုဝင်ဘာ ၂၀ ရက်မှာ လေလံတင်မှာဖြစ်ပြီး ဒေါ်လာ ၁ သန်းနဲ့ ၁ သန်းခွဲကြားရဖို့ မျှော်လင့်တယ်လို့ ဆာ့သ်ဘီး လေလံပွဲ ဦးဆောင်သူ လူးစီးယပ်စ် အဲလီးယော့တ်က ပြောပါတယ်။ 

ငှက်ပျောသီးကို ကြမ်းပြင်က ဘယ်လောက်အမြင့်မှာ ထားရမယ်၊ တိပ်ကို ဘယ်ထောင့်ကနေ ကပ်ရမယ်ဆိုတဲ့ တပ်ဆင်မှု လမ်းညွှန်ချက်တွေ ပါတဲ့ အနုပညာလက်ရာအစစ်ဖြစ်ကြောင်း လက်မှတ်ကိုသာ  တကယ်တမ်း လေလံဆွဲရမှာ ဖြစ်ပါတယ်။ ပြထားတဲ့ ငှက်ပျောသီးကတော့ နွမ်းသွားမှာဆိုတော့ ကိုယ့်ဘာသာ ငှက်ပျောသီးနဲ့ တိပ်ဝယ်ပြီး ပြန်ကပ်မှ ရမှာပါ။ 

ဆာ့သ်ဘီးစ်လေလံရဲ့ ဆောင်းရာသီလေလံပွဲမှာ ခေတ်ပြိုင်၊ မော်ဒန်နဲ့ အင်ပရက်ရှင်းနစ် အနုပညာရှင်တွေရဲ့ လက်ရာတွေကိုပါ လေလံတင်သွားမှာ ဖြစ်ပါတယ်။ 

လီယိုနိုရာ ကာရင်တန်ရဲ့  La Grande Dame (The Cat Woman) (လာဂရန်ဒမ် - သယ်ကတ်ဝူးမင်းန်)  လက်ရာဆိုရင် ဒေါ်လာ ၅ သန်းကနေ ၇ သန်းအထိ ရဖို့ မှန်းထားပါတယ်။ ၈ ပေ မြင့်တဲ့ ဒီရုပ်တုဟာ အမျိုးသမီးစွမ်းအား၊ ဒဏ္ဍာရီနဲ့ စိတ်ဝိညာဉ်ပိုင်းသင်္ကေတဝါဒကို ဖော်ကျူးတာ ဖြစ်ပါတယ်။ 

အရင်က တစ်ခါမှ လေလံမတင်ခဲ့ဖူးတဲ့ ပက်ဘလို ပီကာဆိုရဲ့  Buste de femme (ဘတ်စ်ဒီဖမ်း)  ပန်းချီကားကိုလည်း လေလံပွဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ကလောက်ဒ်မိုနေးရဲ့ Nympheas (နင်မ်ဖီးယား) ပန်ချီးကားက ဒေါ်လာ သန်း ၆၀ လောက်အထိ ရမယ်မှန်းထားသလို ပီကာဆိုရဲ့  La Statuaire (လာစတတ်တူရေး) က ဒေါ်လာ သန်း ၃၀ ဝန်းကျင် ရမယ် မှန်းထားပါတယ်။ 

ဒီလက်ရာနှစ်ခုစလုံးဟာ ၂၀ ရာစု အကြီးကျယ်ဆုံး အနုပညာလက်ရာ စုဆောင်းသူတယောက် ဖြစ်တဲ့ ဆစ်ဒဲလ်မီလာ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိပ်ကပ်ထားတဲ့ ငှက်ပျောသီးကတော့ လေလံပွဲမှာ ပွဲအစည်ဆုံး ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013