DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအပေါ် မယိမ်းမယိုင် ထောက်ခံနေဟု EU ပြော
DVB
·
November 11, 2024
ယူကရိန်းအပေါ် မယိမ်းမယိုင် ထောက်ခံနေဟု EU ပြော
Donate to DVB

ဥရောပသမဂ္ဂ အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရယ်က ယူကရိန်းအပေါ် ဥရောပက မယိမ်းမယိုင် ထောက်ခံနေတယ်လို့ နိုဝင်ဘာ  ၉ ရက်က ပြောဆိုအားပေးခဲ့ပါတယ်။ 

ဒေါ်နယ်ထရမ့်ပ် အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရလို့ ယူကရိန်း စစ်ပွဲအတွက် မသေချာ မရေရာမှုတွေကြောင့် သံသယတွေ ဖြစ်အပြီး ခုလို အာမခံလိုက်တာပါ။ 

ထရမ့်ပ် ရွေးကောက်ပွဲ နိုင်ပြီးတဲ့နောက် ယူကရိန်းမြို့တော် ကိယက်ဗ်ဆီ လာရောက်လည်ပတ်တဲ့ ပထမဆုံး EU ထိပ်တန်းအရာရှိ ဘော်ရယ်က သူ့ခရီးစဉ်ဟာ ရုရှားနဲ့ ယူကရိန်းစစ်ပွဲကာလ ရက်ပေါင်း ၁,၀၀၀ နီးလာချိန်မှာ ယူကရိန်းနိုင်ငံအတွက် EU ရဲ့ထောက်ခံမှုကို အလေးပေးဖို့ ရည်ရွယ်ချက်နဲ့ စီစဉ်ခဲ့တာလို့ ပြောပါတယ်။

ဥရောပသမဂ္ဂဟာ ယူကရိန်းအတွက် စစ်ရေးနဲ့ ငွေကြေး အထောက်အပံ့ ယူရို ၁၂၂ ဘီလီယံ (ဒေါ်လာ ၁၃၁ ဘီလီယံ) ထောက်ပံ့ပေးထားပြီး ယူကရိန်း စစ်သား ၆၀,၀၀၀ လောက်ကိုလည်း လေ့ကျင့်ပေးထားတယ်လို့ ဘော်ရယ်က ပြောပါတယ်။

“ရုရှားရဲ့ ရန်လိုမှုတွေကို ဆက်ပြီး ခုခံကာကွယ်ဖို့ ဒီအထောက်အပံ့က လုံးဝလိုအပ်ပါတယ်” လို့ ဘော်ရယ်က ကိယက်ဗ်မှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အနောက်နိုင်ငံ မဟာမိတ်တွေရဲ့ ပံ့ပိုးကူညီမှုဟာ ပိုကြီးပြီး ပိုအားကောင်းတဲ့ ရန်သူ ရုရှားကို တိုက်ဖို့ ယူကရိန်းရဲ့  မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းအတွက် အဓိကသော့ချက် ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာ အဓိကမဟာမိတ်ဖြစ်ပေမဲ့ ထရမ့်ပ်ဟာ ယူကရိန်းအစိုးရအတွက် စစ်ရေးနဲ့ ဘဏ္ဍာရေးထောက်ပံ့မှု အတိုင်းအတာကို ဝေဖန်ခဲ့ပြီး စစ်ပွဲကို အမြန်အဆုံးသတ်မယ်လို့ ကတိပြုခဲ့ပါတယ်။ 

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ထရမ့်ပ် ရွေးကောက်ပွဲနိုင်တာကို ချီးကျူးဂုဏ်ပြုတဲ့ ပထမဆုံးခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့ပြီး အမေရိကန် ရွေးကောက်ခံသမ္မတနဲ့ သူ့ကြား ပြောဆိုဆက်ဆံတာတွေ ဆက်လုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013