DVB Logo
Home
မြန်မာသတင်း
မကွေးတွင် တပ်သားသစ်စုဆောင်းခံရသူ ၂ ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်
DVB
·
November 11, 2024
မကွေးတွင် တပ်သားသစ်စုဆောင်းခံရသူ ၂ ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်
Donate to DVB

မကွေးတိုင်းအတွင်း စစ်မှုထမ်းဥပဒေနဲ့ စစ်ကောင်စီတပ်မှာ စစ်မှုထမ်းခဲ့ရသူ ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ နို၀င်ဘာ ၁၀ ရက်မှာ မကွေးအရှေ့ခြမ်းဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တော် (ကြိုးကြာနီတပ်ရင်း ၇) ကနေ သတင်းထုတ်ပြန်ပါတယ်။

ကြိုးကြာနီတပ်ရင်း ၇ ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “အလင်းဝင်လာသူ ၂ ဦးလုံးက တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံခဲ့ကြရသူတွေ ဖြစ်ပါတယ်။ စစ်တပ်က သူတို့ကိုပေးထားတဲ့ လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကျနော်တို့တပ်ရင်းဆီကို အလင်းဝင်ရောက်လာခဲ့တာပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၂ ယောက်တို့ဟာ MA11 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၀၀ နီးပါးအပါအ၀င် လက်ပစ်ဗုံး ၁ လုံးနဲ့ ၁၄ နင်းမိုင်း ၁ လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာဖြစ် ပါတယ်။

ကြိုးကြာနီတပ်ရင်း ၇ ရဲ့ တာဝန်ခံတယောက်က  “လုံခြုံရေးကြောင့် သူတို့နာမည်တွေကို ထုတ်ဖော်မပြောပြတာကို နားလည်ပေးပါ။ စစ်တပ်ထဲမှာ သူတို့ တာဝန်ထမ်းဆောင်ခဲ့ကြတုန်းက တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေ၊ ခံစားချက်တွေကို မေးမြန်းပြီး ဆက်လက်ထုတ်ပြန်ပေးသွားမှာပါ”လို့ DVB ကို ပြောပါတယ်။

အဆိုပါ အလင်းဝင်လာသူ ၂ ယောက်ကို ကြိုးကြာနီတပ်ရင်း ၇ က တာ၀န်ယူစောင့်ရှောက်ထားပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားကာ ဂုဏ်ပြုဆုငွေ ပေးအပ်ဖို့အတွက်ကိုလည်း စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013