DVB Logo
Home
မြန်မာသတင်း
မိသားစုလွှဲပို့ငွေစာရင်းမပြနိုင်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ နီးပါး သတိပေးခံရ
DVB
·
November 10, 2024
မိသားစုလွှဲပို့ငွေစာရင်းမပြနိုင်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ နီးပါး သတိပေးခံရ
Donate to DVB

ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုဆီ လွှဲပို့ငွေအထောက်အထားမတင်ပြတဲ့ အေဂျင်စီ ၃၀၀ နီးပါးကို သတ်မှတ်ရက်အတွင်း မတင်ပြရင် အရေးယူမယ်လို့ စစ်ကောင်စီဩဇာခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလအတွက် မိသားစုဆီ လွှဲပို့ငွေအထောက်အထား မတင်ပြတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၂၉၂ ခုရှိပြီး စေလွှတ်ခဲ့တဲ့ လုပ်သားဦးရေ ၅,၆၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။

အဲဒီအေဂျင်စီတွေအနေနဲ့ နိုဝင်ဘာ ၁၁ ရက် နောက်ဆုံးထားပြီး လွှဲပို့ငွေ အထောက်အထားပေးပို့ဖို့နဲ့ မပေးပို့တဲ့ အေဂျင်စီတွေကို ဒဏ်ကြေးကောက်မယ့်အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အေဂျင်စီလုပ်ငန်းရှင်တချို့ကတော့ ပြည်ပရောက်အလုပ်သမားနဲ့ အဆက်အသွယ်မရတာကြောင့် ငွေလွှဲပို့ဖို့ကို အသိပေးပြောဖို့ အခက်အခဲရှိနေတာလို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီဒါရိုက်တာတယောက်က “အေဂျင်စီတွေက အတင်းအကျပ်ကြီး ငွေလွှဲဖို့ ဖိအားပေးလို့ မရဘူး။ အလုပ်သမားက သူ့ပိုက်ဆံသူမလွှဲဘူးဆို ဘာမှမတတ်နိုင်ဘူးလေ” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီလွှဲပို့ဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။

အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီက လစဉ်လွှဲပို့ငွေအထောက်အထားတင်ပြရပြီး မတင်ပြနိုင်တဲ့ အေဂျင်စီတချို့ အရေးယူခံထားရတာလည်း ရှိပါတယ်။

အေဂျင်စီတချို့အနေနဲ့ အရေးယူမခံရအောင် စေလွှတ်ခဲ့တဲ့ အလုပ်သမားကိုယ်စား ပြည်ပကနေ ငွေလွှဲပြီး စာရင်းတင်ပြရတာတွေရှိသလို ငွေလဲနှုန်းကွာဟချက်ကြောင့် နစ်နာဆုံးရှုံးရတာတွေ ရှိနေတယ်လို့လည်း အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013