DVB Logo
Home
မြန်မာသတင်း
တောင်ငူတွင် စစ်ဘေးရှောင် ၁၃၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ 
DVB
·
November 10, 2024
တောင်ငူတွင် စစ်ဘေးရှောင် ၁၃၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ 
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူမြိုနယ်ထဲက ရွာ ၇ ရွာရှိ စစ်ဘေးရှောင်သူ ၁၃၀၀ ကျော်အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ တောင်ငူအခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာ ၈ ရက် မနက်ပိုင်းကစလို့ တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။

စားနပ်ရိက္ခာစီစဉ်နေသူတဦးက “နေရပ်စွန့်ခွာသူတွေအတွက် ကျနော်တို့ အဓိက စားသောက်ကုန် လိုပါတယ်။ ၂ ရက်အတွင်း လူဦးရေ ၁၃၀၀ ကျော်သွားပြီ။ အခုက အသစ်ပေါ့။ လွန်ခဲ့တဲ့ ၂ နှစ်က အဟောင်းတွေက မြို့ထဲမှာ ရှိသေးတယ်။ ကယ်ဆယ်ရေးစခန်း ၄ ခုရှိပါတယ်” လို့ ပြောပါတယ်။

တောင်ငူမြို့ပေါ်က ရွှေဆံတော်၊ ပေါ်တော်မူ၊ ဇီးဖြူကွင်းနဲ့ အရှေ့ကျွန်းကြီးတို့မှာ ကယ်ဆယ်ရေးစခန်း ၄ ခုရှိနေပြီး စဖြစ်တဲ့နေ့ မနက် ၁၀ နာရီလောက်ကတည်းက ကယ်ဆယ်‌ရေးကား‌တွေနဲ့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်ရှောင်တွေဟာ တိုက်ပွဲဖြစ်ပွားရာဒေသတွေက တောင်ငူမြို့ရဲ့ မြောက်ဘက်၊ အရှေ့မြောက်ဘက်နဲ့ စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းက သဖန်းပင်၊ ကမ်းနီ၊ ချောင်းကမ်း၊ ငုတ်တော၊ မလွှပင်၊ ဖောင်ဆိပ်၊ ဂုံမင်းအိုင်ရွာတို့က ဖြစ်ပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်းဝင်တယောက်က “မြင်ရသလောက် သက်ကြီးရွယ်အို၊ ကလေးများတာပေါ့။ စာရင်းတော့ နှစ်ရက်ပဲ ရှိသေးလို့ မလုပ်ရသေးဘူး။ လက်ရှိတော့ မြို့သူမြို့သားတွေ လှူတဲ့ဟာနဲ့ပဲ ဖြေရှင်းနေရတယ်။ မိန်းကတော့ စားသောက်ကုန်။ ဖြစ်တဲ့နေ့က ထိခိုက်ဒဏ်ရာရသူ ၃ ဦးက တောင်ငူဆေးရုံမှာ” လို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေအ‌ရ နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူ ဦးရေ ပိုများလာနိုင်တာကြောင့် မြို့ခံအသင်းစုစုပေါင်း ၇ သင်းက ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013