DVB Logo
Home
မြန်မာသတင်း
သထုံ Puma Power စက်သုံးဆီဆိုင်မန်နေဂျာကို လက်နက်ကိုင် ၄ ဦးက ဖမ်းဆီးသွား
DVB
·
November 10, 2024
သထုံ Puma Power စက်သုံးဆီဆိုင်မန်နေဂျာကို လက်နက်ကိုင် ၄ ဦးက ဖမ်းဆီးသွား
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ် မြေနီကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးရှိ Puma Power စက်သုံးဆီဆိုင်မှာ နိုဝင်ဘာ ၈ ရက် နေ့လယ်က ဆိုင်မန်နေဂျာအမျိုးသမီးကို လက်နက်ကိုင် ၄ ယောက်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သထုံမြို့နယ် မြေနီကုန်းကျေးရွာရှိ Puma Power စက်သုံးဆီဆိုင်ကို နိုဝင်ဘာ ၈ ရက် နေ့လယ် ၁၂ ခွဲလောက်မှာ အမည်မသိ လက်နက်ကိုင် ၄ ယောက်က Probox မော်တော်ယာဥ် အမဲရောင်တစီးနဲ့ ရောက်ရှိလာပြီး အသက် ၃၈ နှစ်အရွယ် မန်နေဂျာ ဒေါ်သိမ့်သူဇာကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆီဆိုင်တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ကားပေါ်မှာ ၄ ယောက်ပါလာတာ။ ၂ ယောက်က ဆိုင်ထဲဝင်လာပြီး ဆိုင်က ဝန်ထမ်း ကောင်လေး ၂ ယောက်ကို ဆိုင်အနောက်ခေါ်သွားပြီး လက်ကိုကြိုးချည်တယ်၊ ပါးစပ်ကိုလည်း တိပ်အကြည်ရောင်နဲ့ ပတ်ပြီးချုပ်ထားခဲ့တာ။ ၂ ယောက်လုံးကိုလည်း မိုင်းပေါက်ကွဲသံကြားမှ ထွက်လာဆိုပြီး ထားခဲ့တာ”

လက်နက်ကိုင်တယောက်က မန်နေဂျာရုံးခန်းထဲကိုဝင်ရောက်ပြီး ရုံးခန်းအတွင်းက လက်ပတော့ကွန်ပြူတာတလုံးနဲ့ ငွေကျပ် ၆ သိန်းကိုယူဆောင်ကာ မန်နေဂျာဖြစ်သူ ဒေါ်သိမ့်သူဇာကို ဖမ်းဆီးသွားပြီးနောက် သုဝဏ္ဏဝတီမြို့ဘက်ကို မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆီဆိုင် CCTV မှတ်တမ်းတွေအရ သိရပါတယ်။

လက်နက်ကိုင်ဆောင်ထားသူတွေ ထွက်ခွာသွားပြီး ၁၅ မိနစ်လောက်အကြာမှာ မန်နေဂျာရုံးခန်းအတွင်း အသံမိုင်းတလုံးပေါက်ကွဲခဲ့သေးကြောင်း နယ်ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းကလည်း မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာရှိ သစ်ပါးလွှာစက်ရုံက တရုတ်နိုင်ငံသားပညာရှင်တဦးအပါအဝင် စက်ရုံမှူးနဲ့ မန်နေဂျာတို့ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013