DVB Logo
Home
နိုင်ငံတကာ
အစ္စရေးနှင့် ဟားမတ်စ်ကြား ဖျန်ဖြေသူအဖြစ်မှ ကာတာ ရပ်ဆိုင်း
DVB
·
November 10, 2024
အစ္စရေးနှင့် ဟားမတ်စ်ကြား ဖျန်ဖြေသူအဖြစ်မှ ကာတာ ရပ်ဆိုင်း
Donate to DVB

ကာတာနိုင်ငံဟာ အစ္စရေးနဲ့ ဟားမားစ်ကြား အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေး ဆွေးနွေးပွဲတွေမှာ ကြားဝင်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးနေတာကို ရပ်ဆိုင်းလိုက်ပြီလို့ အရာရှိတွေက ပြောပါတယ်။ 

ဟားမတ်စ်နဲ့ အစ္စရေးဘက်က ဆွေးနွေးလိုစိတ်ရှိကြောင်း ဖော်ပြတဲ့အခါမှသာ  ပြန်လည်စတင်မယ်လို့ ကာတာက ပြောပါတယ်။ ကာတာမှာ ဟားမတ်စ်ကိုယ်စားလှယ်တွေ ရှိနေတာကို အမေရိကန်ဘက်က လက်ခံတော့မှာ မဟုတ်ဘူးဆိုတဲ့ သတင်းထွက်လာအပြီးမှာ အခုလို ကြေညာခဲ့တာပါ။ 

ဟားမတ်စ်ဟာ အိုဘားမားအစိုးရရဲ့ တောင်းဆိုချက်အရလို့ ဆိုကာ ၂၀၁၂ ခုနှစ်ကတည်းက ကာတာမြို့တော် ဒိုဟာမှာ အခြေစိုက်စခန်း ဖွင့်ထားခဲ့ပါတယ်။ ဟားမတ်စ်ဘက်က ‘စိတ်ရင်းမှန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ငြင်းဆန်နေ’ လို့ ဒိုဟာက နိုင်ငံရေးရုံးကို ပိတ်သိမ်းဖို့ အမေရိကန်က တိုက်တွန်းတာကို ကာတာဘက်က လက်ခံထားတယ်လို့ နိုဝင်ဘာ ၉ ရက် သတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒါပေမဲ့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့  အဲဒီသတင်းတွေဟာ “မှန်ကန်မှုမရှိဘူး” လို့ ပြောပါတယ်။ ဟားမတ်စ်အရာရှိတွေကလည်း အဲဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။ 

အရွယ်အစား သေးပေမဲ့ လွှမ်းမိုးမှုရှိတဲ့ ပါရှန်ပင်လယ်ကွေ့နိုင်ငံ ကာတာဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန် လေတပ်စခန်းကြီးတခု ထားရှိသလို အီရန်၊ တာလီဘန်နဲ့ ရုရှားတို့နဲ့အပါအဝင် ထိရှလွယ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေးခဲ့ပါတယ်။ 

အမေရိကန်၊ အီဂျစ်တို့နဲ့အတူ ကာတာဟာ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013