DVB Logo
Home
မြန်မာသတင်း
မအူပင်နှင့် ဝါးခယ်မက အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ်များ ပုသိမ်စစ်တိုင်းရုံး ပို့ခံရ
DVB
·
November 10, 2024
မအူပင်နှင့် ဝါးခယ်မက အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ်များ ပုသိမ်စစ်တိုင်းရုံး ပို့ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်နဲ့ ဝါးခယ်မမြို့နယ်က အဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်အယောက် ၄၀ ကျော်ဟာ ပုသိမ်စစ်တိုင်းရုံးဆီကို ပို့ခံရတယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအမှတ်စဉ် ၇ အတွက် ဝါးခယ်မမြို့နယ်နဲ့ မအူပင်မြို့နယ်ကနေ စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရတဲ့လူငယ်တွေကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး ပုသိမ်မြို့မှာရှိတဲ့ စစ်တိုင်းရုံးကို နိုဝင်ဘာ ၈ ရက်က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “မနေ့က ပုသိမ်ကို အပို့ခံရတာ။ အားလုံး အယောက် ၄၀ ကျော်မယ်။ အဓမ္မစုဆောင်းခံရတာလို့ သိရတယ်။ အသက် ၁၉ နှစ်နဲ့ ၁၈ နှစ်အရွယ် လူငယ်အမျိုးသားတွေ များတယ်။ မိသားစုတွေက ပုသိမ်သင်တန်းကျောင်း ပို့တာပါဆိုတာတောင် ငိုယိုနေကြတာပဲ” လို့ ပြောပါတယ်။

စစ်မှုမထမ်းချင်တာကြောင့် တိမ်းရှောင်တဲ့လူငယ်တွေ များလာတဲ့အတွက် စစ်ကောင်စီ တပ်သားတွေက ဒီရက်ပိုင်းအတွင်း ဝါးခယ်မမြို့နယ်နဲ့ မအူပင်မြို့နယ်တို့မှာ အရပ်ဝတ်တွေ ဝတ်ပြီး စစ်မှုထမ်းဖို့ အတင်းအဓမ္မအင်အားသုံး လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝါးခယ်မမြို့နယ်က ဒေသခံတယောက်က “အခု ဝါးခယ်မဘက်ကနေ စုဆောင်းခံရတဲ့ ကလေးတွေက ကျေးရွာတွေဘက်က များတယ်။ ပုသိမ်ကို ခေါ်သွားတာ။ ကလေးတွေက ဥပဒေနဲ့အညီ ဆန္ဒအလျောက် စစ်မှုထမ်းကြသူတွေ မပါဘူး။ ဖိအားပေး အခေါ်ခံရတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်ပထမအပတ်ကလည်း စစ်ကောင်စီက မအူပင်မြို့နယ်က ဒေသခံ အရပ်သား လူငယ် ၁၁ ယောက်ကို စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခေါ်ဆောင်ခဲ့ပြီး အင်္ဂပူကွင်းကောက် စစ်သင်တန်းကျောင်းကို ပို့ဆောင်းခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013