DVB Logo
Home
မြန်မာသတင်း
ကရင်စစ်ဘေးရှောင်များ၏ဘဝအကြောင်း Paper Airplane ရုပ်ရှင် စင်ကာပူတွင် ပြသမည်
DVB
·
November 8, 2024
ကရင်စစ်ဘေးရှောင်များ၏ဘဝအကြောင်း Paper Airplane ရုပ်ရှင် စင်ကာပူတွင် ပြသမည်
Donate to DVB

ကရင်တိုင်းသား စစ်ဘေးရှောင်တွေရဲ့ဘဝတွေကို ပုံဖော် ရိုက်ကူးထားတဲ့ စက္ကူလေယာဉ်ပျံ ( Paper Airplane )လို့ အမည်ရတဲ့ ရုပ်ရှင်ကို စင်ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံမှာ နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ပြသသွားဖို့ ရှိပါတယ်၊

အသက် ၁၆ နှစ်နဲ့ အထက်သာ ကြည့်ရမယ်လို့ သတ်မှတ်ထားတာပြီး ရုပ်ရှင်ပြသရာက ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်းခွဲဝေပြီး မြေပြင်တော်လှန်ရေးဆီ စီးဆင်းသွားမှာဖြစ်တယ်လို့ ကိုယ်တိုင်ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူး ထုတ်လုပ်ခဲ့သူ ဒါရိုက်တာ MSX က DVB ကို ပြောပါတယ်၊

“စင်ကာပူမှ ပြမယ်ဆိုတော့ ကျနော်တို့ မီဒီယာဖွံ့ဖြိုးရေးဖွဲ့တွေကို rating တင်ရတယ်။ အဲတာ ၁၆ နှစ်နဲ့ အထက်ပဲ ကြည့်လို့ရတယ်လို့ ခွင့်ပြုပါတယ်။ အဲတာကြောင့် ရုံနဲ့ညှိတော့ နိုဝင်ဘာ ၉ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ရပါတယ်။ ကျနော်တို့ fundraiser တွေနဲ့ချိတ်ထားတယ်။ ရတဲ့ငွေတွေကိုလည်း ၅၀-၅၀ ခွဲထားပါတယ်၊ ၅၀ ရာခိုင်နှုန်းကိုတော့ fundraiser တွေကနေ NUG အပါအဝင် မြေပြင်အဖွဲ့အစည်းတွေကိုရော ပို့ပေးမှာပါ၊ ကျန်တဲ့ ၅၀ ကတော့ ထုတ်လုပ်ရေးစရိတ်ပြန်သုံးရမှာပါ။”

ဒီရုပ်ရှင်က ၄၅ မိနစ်ကျော်ကြာမြင့်မယ့် ဖြစ်ရပ်မှန်အခြေခံ ရုပ်ရှင်ကားတကားဖြစ်ပြီး ကရင်တိုင်းရင်းသားတွေရဲ့ စစ်ပြေးရင်းပညာသင်ကြားနေရတဲ့အခြေအနေတွေကို မြင်တွေ့ခဲ့ရလို့ ဖန်တီးဖြစ်ခဲ့ကြောင်းကိုလည်း ဆက်ပြောပါတယ်။

ဒါရိုက်တာ MSX က “Medium format film လို့ပြောလို့ရပါတယ်။ ၄၅ မိနစ်ကြာတယ်။ အရှေ့မှာ ဇာတ်လမ်းတို ၂ ခုလည်းပြမှာဆိုတော့ စုစုပေါင်း မိနစ် ၇၀ ကြာပါတယ်။ paper airplane ရုပ်ရှင်ကတော့ မြန်မာနိုင်ငံမှာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေမှုတွေကို အခြေခံပြီးတော့ ရိုက်ကူးထားတာပါ၊ ကျောင်းတွေလည်း ဗုံးကြဲတယ်။ နောက် စာသင်နေတဲ့နေရာလေးကို ဗုံးကြဲလို့ ကလေးတွေ ပတ်ပြေးနေရတယ်ပေါ့။ အဲဒါပြီးတော့ ကျနော်တို့ မဲဆောက်ဘက်ကိုရောက်တယ်။ နောက် တဖက်က စစ်ရှောင်စခန်းတွေဘက်ကိုရောက်တော့ ကရင်စစ်ရှောင် ကလေးတွေကို တွေ့တော့ စိတ်ကူးလေးရတာပေါ့။ ပြီးတော့ တခြားတော်လှန်ရုပ်ရှင်တွေပေါ့။ သူတို့တောင် မရှိရှိတာလေးတွေနဲ့ ရအောင်ဖန်တီးခဲ့ကြတာဆိုတော့ အဲတာတွေမြင်တော့ ကျနော် ဖန်တီးဖို့ အားအင်တွေ ရခဲ့တာပါ ” လို့ ပြောပါတယ်၊

ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ တရားဝင်နေထိုင်မှုအခက်အခဲ၊ ဘာသာစကားအခက်အခဲကြောင့် ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတယ်လို့လည်း ဒါရိုက်တာက ပြောပါတယ်။

ရုပ်ရှင်ပြသစဉ်မှာ မြန်မာဘာသာစကားနဲ့ ကရင်ဘာသာစကားနှစ်မျိုး ပြောပြီး အင်္ဂလိပ်စာတန်းထိုးနဲ့ ပြသမှာလည်းဖြစ်ပါတယ်၊

နိုဝင်ဘာ ၉ ရက်မှာ မွန်းလွဲ ၃ နာရီနဲ့ ညနေ ၅:၁၅ မှာ နှစ်ကြိမ်၊ နိုဝင်ဘာ ၁၀ ရက်မှာ နေ့လယ် ၁၂ နာရီမှာတကြိမ် နဲ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်နဲ့တကြိမ်  တရက်ကို  နှစ်ကြိမ်၊  စုစုပေါင်း ၄ ကြိမ်ပြသ သွားမှာဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013