DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲအနိုင်ရ ထရမ့်ပ်ကို ပူတင်က ချီးကျူးလိုက်ပြီး ဆွေးနွေးရန် အသင့်ရှိကြောင်းပြော
DVB
·
November 8, 2024
ရွေးကောက်ပွဲအနိုင်ရ ထရမ့်ပ်ကို ပူတင်က ချီးကျူးလိုက်ပြီး ဆွေးနွေးရန် အသင့်ရှိကြောင်းပြော
Donate to DVB

အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဒေါ်နယ်ထရမ့်ပ်နဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားလိုက်ပါတယ်။

ထရမ့်ပ်ဟာ မဲဆွယ်ကာလတုန်းက သေနတ်သမားတယောက်ရဲ့ လုပ်ကြခံခဲ့ရတဲ့အချိန် သူ့ရဲ့ သတ္တိကို ပြသခဲ့ကြောင်း၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် ဂုဏ်ယူကြောင်း ပူတင်က ပြောဆိုခဲ့တာပါ။

ထရမ့်ပ်ဟာ ပန်ဆယ်ဗေးနီးယားမှာ ဇူလိုင်လ မဲဆွယ်ပွဲမှာ သေနတ်နဲ့ပစ်ခတ် လုပ်ကြံခံရချိန် ယောကျ်ားတယောက်ရဲ့ သတ္တိပြခဲ့ကြောင်း ပူတင်က ချီကျူးခဲ့ပါသေးတယ်။

ထရမ့်ပ်က သူသာ ရွေးချယ်ခံရရင် ယူကရိန်းကို ၂၄ နာရီအတွင်း ငြိမ်းချမ်းရေးယူပေးမယ်လို့ ပြောဆိုခဲ့တာရှိပါတယ်။

ပူတင်ကလည်း ကြာသပတေးနေ့ ပြောဆိုမှုမှာ ယူကရိန်းအရေးအဆုံးသတ်ဖို့ ပြောဆိုခဲ့ပါသေးတယ်။

ထရမ့်ပ်က ဆွေးနွေးဖို့ ဆက်သွယ်ရင် ဘာလုပ်မလဲဆိုတဲ့ သတင်းထောက်တယောက်က မေးတဲ့ မေးခွန်းကို ပူတင်က ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ကသာ ဆွေးနွေးဖို့ဆန္ဒရှိမယ်ဆိုရင် အသင့်ရှိကြောင်း ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံကို ၂၀၂၂ ခုနှစ် ယူကရိန်းနဲ့ စစ်မဖြစ်ခင်ကအချိန် ပြန်သွားဖို့ ဆန္ဒမရှိ ကြောင်းလည်း ပူတင်ကဆိုခဲ့ပါတယ်။

ကြာသပတေးနေ့က ထုတ်ဖော်ပြောဆိုမှုမှာ ရုရှားနိုင်ငံဟာ ဥရောပနဲ့ အပြန်အလှန်ယုံကြည်မှုတွေ တည်ဆောက်ရမှာ ဖြစ်ကြောင်း၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့မှာရှိတဲ့ နျူလက်နက်တွေ အနာဂတ်လျော့ချရေးနဲ့ပတ်သက်ပြီးလည်း အမေရိကန်နဲ့ ဆွေးနွေးရမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံဟာ ရုရှားရဲ့ မဟာမိတ်နိုင်ငံဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013