DVB Logo
Home
မြန်မာသတင်း
လာအိုရှိလုပ်ငန်းတချို့က  မြန်မာလုပ်သားများကို ဝန်ဆောင်ခအခမဲ့ဖြင့် ခေါ်ယူနေ 
DVB
·
November 8, 2024
လာအိုရှိလုပ်ငန်းတချို့က  မြန်မာလုပ်သားများကို ဝန်ဆောင်ခအခမဲ့ဖြင့် ခေါ်ယူနေ 
Donate to DVB

လာအိုနိုင်ငံရှိလုပ်ငန်းတချို့မှာ လုပ်သားလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံက လုပ်သားတွေကို ဝန်ဆောင်ခအခမဲ့နဲ့ ခေါ်ယူတာတွေရှိနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင် တချို့ဆီက သိရပါတယ်။

အလုပ်ရရှိဖို့အတွက် အလုပ်သမားက ပေးဆောင်ရမယ့် ဝန်ဆောင်ခကို ခေါ်ယူတဲ့ လုပ်ငန်းဖက်က စိုက်ထုတ်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တယောက်က "အလုပ်သမားခေါ်တဲ့လုပ်ငန်း တိုင်းတော့ မဟုတ်ဘူး။ တချို့လုပ်ငန်းတွေက သူတို့ရဲ့ စံသတ်မှတ်ချက်အရ Zero Costနဲ့ ခေါ်တာမျိုး။ ကုန်ကျစရိတ်ကို လုပ်ငန်းရှင်ကနေ စိုက်ထုတ်ပေးတာ။ အဲဒီလိုZero Costနဲ့ ခေါ်တာ ခပ်စိတ်စိတ်တော့တွေ့လာရတယ်"လို့ ပြောပါတယ်။

လာအိုနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လကုန်ပိုင်းကမှ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတာပါ။

အဲဒီလို လက်မှတ်မရေးထိုးခင်ကတည်းက အေဂျင်စီကတဆင့် လာအိုနိုင်ငံကို လုပ်သား စေလွှတ်နေတာတွေ ရှိနေတယ်လို့  အေဂျင်စီတွေဆီက သိရပါတယ်။

အဲဒီလို လာအိုလုပ်ငန်းရှင်တချို့က ဝန်ဆောင်ခစိုက်ထုတ်ပြီး ခေါ်ယူတာရှိပေမဲ့ အလုပ်သမားက တခြားခေါင်းစဥ်နဲ့ ငွေကုန်ကျရတာမျိုးတွေရှိနေတယ်လို့လည်း ပြည်ပလုပ်သားစေလွှတ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

"Zero Cost ဆိုပေမဲ့ အလုပ်သမားက ငွေလုံးဝမပေးရတဲ့ဟာရှားတယ်။ ဝန်ဆောင်ခ ခေါင်းစဥ်မတပ်ပဲ ပေးရတာ။ ဒါက ထိုင်း၊ မလေးရှားက Zero Costနဲ့ ခေါ်တဲ့လုပ်ငန်းတွေ ကတည်းကရှိတာ။"

မလေးရှားက ပြည်ပလုပ်သားခေါ်ယူတာရပ်လိုက်ပြီးတဲ့နောက် လာအိုနိုင်ငံဟာ  မြန်မာအေဂျင်စီတွေ  လုပ်သားစျေးကွက်အသစ်အတွက် အာရုံစိုက်လာတဲ့နိုင်ငံ ဖြစ်ပါတယ်။

လာအိုမှာ အလုပ်သွားလုပ်ဖို့ အေဂျင်စီကနေချိတ်ဆက်ပြီးမယ်ဆိုရင် တရားဝင် ဝန်ဆောင်ခ ဒေါ်လာ ၁၀၀ သတ်မှတ် ချက်ရှိပြီး အခြေခံလုပ်ခမှာ တလကို ဒေါ်လာ ၂၅၀ နီးပါးဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013