
ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ လေထုညစ်ညမ်းမှု ပြင်းထန်ဆိုးရွာလာတာကြောင့် မီးခိုးမြူပြဿနာ ကိုင်တွယ်ဖြေရှင်းရေစခန်းတခုကို ထူထောင်ဖွင့်လှစ် လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အရှေ့ပိုင်းပြည်နယ်ရဲ့ မြို့တော် လာဟိုးမြို့မှာ လေထုအရည်အသွေး ညံ့ဖျင်းလို့ ကမ္ဘာ့လေထုညစ်ညမ်းဆုံးမြို့အဖြစ် သတ်မှတ်ခံအဆင့်မှာ ရပ်တည်နေတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။
လေထုအရည်အသွေး စစ်ဆေးသတ်မှတ်တဲ့ ဆွစ်ဇာလန်အဖွဲ့ IQAir ရဲ့ တိုက်ရိုက်အဆင့် သတ်မှတ်ချက်အရ မြို့တော်ရဲ့ လေထုအရည်အသွေးဟာ နိုဝင်ဘာ ၆ ရက်မှာ ‘အန္တရာယ်’ အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပါတယ်။
ဌာန ၈ ခုက ဝန်ထမ်းတွေပါတဲ့ စခန်း ကော်မတီက အခြေအနေကို စစ်ဆေးသွားမယ်လို့ ပြည်နယ်သဘာဝပတ်ဝန်းကျင်ဌာန ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
တောင်အာရှနိုင်ငံ ပါကစ္စတန်မှာ ဆောင်းရာသီတိုင်းမှာ လယ်ကွင်းတွေက ရိုးပြတ်တွေကို မီးရှို့တာကြောင့် မီးလောင်ကျွမ်းမှုကနေ မီးခိုးငွေ့တွေ၊ ဖုန်မှုန့်တွေက လေအေးထဲမှာ ပိတ်မိနေလို့ လေထုညစ်ညမ်းမှုတွေ အပြင်းအထန် ဖုံးလွှမ်းနေလေ့ ရှိပါတယ်။
Source: Reuters










