DVB Logo
Home
နိုင်ငံတကာ
၁၆ နှစ်အောက် ကလေးများအတွက် ဆိုရှယ်မီဒီယာကို ပိတ်ပင်ရန် ဩစတြေးလျအစိုးရ အဆိုပြု
DVB
·
November 7, 2024
၁၆ နှစ်အောက် ကလေးများအတွက် ဆိုရှယ်မီဒီယာကို ပိတ်ပင်ရန် ဩစတြေးလျအစိုးရ အဆိုပြု
Donate to DVB

သြစတြေးလျအစိုးရဟာ အသက် ၁၆ နှစ်အောက် ကလေးများအတွက် ဆိုရှယ်မီဒီယာကို ပိတ်ပင်မယ့်ဥပဒေပြုမှာ ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် အန်ထနီ အလ်ဘနိစ် က နိုဝင်ဘာ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် အလ်ဘနိစ် က “ဒီဥပဒေဟာ မိဘတွေအတွက်ဖြစ်ပြီး ဆိုရှယ်မီဒီယာဟာ ကလေးတွေကို အန္တရာယ်ပြုနေတာကြောင့် ဒါကို အချိန်ယူ တောင်းဆိုနေရတာ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ထောင်ပေါင်းများစွာသော မိဘ၊ ဘိုးဘွား၊ ဦးလေး၊ အဒေါ်တွေနဲ့ စကားပြောဖူးထားပြီး သူတို့ကလည်း ကလေးတွေကို အွန်လိုင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတာလို့ ဆိုပါတယ်။ 

ဩစတြေးလျက မိဘတွေနဲ့ မိသားစုတွေရဲ့နောက်မှာ အစိုးရ ရှိနေတယ်ဆိုတာကိုလည်း သိစေချင်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ 

အသက်မပြည့်သေးသူတွေ ဆိုရှယ်မီဒီယာကို ဝင်ရောက်ခြင်းကနေ တားမြစ်ဖို့အတွက် ကျိုးကြောင်းဆီလျော်တဲ့ ခြေလှမ်းတွေကို လုပ်ဆောင်နေကြောင်း သရုပ်ပြဖို့က ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ တာဝန်ရှိမှာဖြစ်ပြီး မိဘတွေနဲ့ လူငယ်တွေပေါ်မှာ တာဝန်ရှိမှာ မဟုတ်ကြောင်း၊ အွန်လိုင်းသုံးစွဲသူတွေကိုလည်း ပြစ်ဒဏ်ပေးမှာမဟုတ်ကြောင်း ဝန်ကြီးချုပ် အလ်ဘနိစ်က ပြောဆိုပါတယ်။ 

အခုနှစ်မှာ အဲဒီဥပဒေကို လွှတ်တော်ကို တင်သွင်းသွားမှာဖြစ်ပြီးတော့ ဥပဒေပြုအမတ်တွေက ဒါကို အတည်ပြုပြီးရင် နောက် ၁၂ လအတွင်း ဥပဒေဟာ အသက်ဝင်မှာဖြစ်ကြောင်းလည်း အလ်ဘနိစ်က ဆိုပါတယ်။ 

ဥပဒေအရ မိဘ သဘောတူခွင့်ပြုချက်ရှိတဲ့ အသုံးပြုသူတွေအတွက်တောင် ကင်းလွတ်ခွင့်ရှိမှာ မဟုတ်ပါဘူး။ နိုင်ငံအတော်များများမှာ ကလေးသူငယ်တွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို တားမြစ်ဖို့ ဥပဒေပြုထားပြီး ဩစတြေးလျနိုင်ငံရဲ့မူဝါဒကတော့ အတင်းကျပ်ဆုံး ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013