DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ ပျူစောထီးများ တိုက်ခိုက်ခံရပြီး  ၃ ဦး သေဆုံး 
DVB
·
November 7, 2024
မြိုင်မြို့နယ်၌ ပျူစောထီးများ တိုက်ခိုက်ခံရပြီး  ၃ ဦး သေဆုံး 
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာကနေ ထွက်လာတဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၆ ရက် မနက် ၉ နာရီ၀န်းကျင်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့လို့  ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ M.V.P Revolution Force ဆီက သိရပါတယ်။

M.V.P ရဲ့ ပြန်ကြားရေးတာ၀န်ခံက “အဲဒီရွာက ပျူတွေက ရွာပြင်ကို မကြာခဏ ထွက်ထွက်ပြီး ကင်းပတ်လေ့ရှိတယ်။ အဲဒါကို ချောင်းနေတာကြာပြီ။ အခုလည်း ကြိုသတင်းရလို့ သွားစောင့်နေတာ။ ကျနော်တို့ အမြင်ကတော့ ၃ ယောက် သေတယ်။ ကျန်တဲ့ကောင်တွေ ပြန်ဆုတ်ပြေးသွားလို့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရခဲ့တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီးတွေဆီကနေ MA 16 သေနတ် ၂ လက်၊ G3 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၁၈၀ နဲ့ G3 ကျည် အတောင့် ၈၀ တို့ကို သိမ်းဆည်းရရှိခဲ့​တယ်လို့ သိရပါတယ်။

Phoenix People Defense Force ရဲ့ တာ၀န်ခံက “သူတို့ဘက်က ပြန်ပစ်တာရှိတယ်။ နှစ်ဖက်ပစ်ခတ်မှုကတော့ မိနစ်ပိုင်းလောက်ပါပဲ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိပါဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို M.V.P Revolution Force၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ UAV Fighter၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix People Defense Force၊ Scorpion People Defense Force၊ ဌေးအောင်ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ 8+အညာမြေတပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

8+အညာမြေတပ်ပေါင်းစုကို မြိုင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ ပေါင်းစုပြီး မြိုင်မြို့နယ်ထဲမှာ မစ်ရှင်ကြီးတွေ ဆောင်ရွက်ရင် ပူးပေါင်းလုပ်ဆောင်ကြဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာလို့ 8+အညာမြေတပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013