DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲအနိုင်ရရန် နီးကပ်လာသည့် ဒေါ်နယ်ထရမ့်ပ် မိန့်ခွန်းပြောဖွယ်ရှိ
DVB
·
November 6, 2024
ရွေးကောက်ပွဲအနိုင်ရရန် နီးကပ်လာသည့် ဒေါ်နယ်ထရမ့်ပ် မိန့်ခွန်းပြောဖွယ်ရှိ
Donate to DVB

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ  အနိုင်ရဖို့ နီးကပ်လာတာကြောင့် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က  မိန့်ခွန်းပြောကြားဖွယ် ရှိပါတယ်။ 

မြောက်ကာရိုလိုင်းနားနဲ့ ဂျော်ဂျီယာပြည်နယ် စတဲ့ အဓိက ပြည်နယ် ၇ ခုအနက် ၂ ခုမှာ အနိုင်ရပြီးနောက် ဒေါ်နယ်ထရမ့်ပ်ဟာ ဖလော်ရီဒါမှာ မိန့်ခွန်းပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။ 

ရီပတ်ဘလစ်ကန်တွေဟာ လွှတ်တော်မှာ ဒီမိုကရက်တွေကို ပြန်လည်အသာရလာတာပဲ ဖြစ်ပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ဆုံးအပြီးသတ် မဲရလဒ် မထွက်ပေါ်သေးပေမဲ့ လက်ရှိ မဲရေတွက်ပြီးသလောက်  ဒေါ်နယ်ထရမ့်ပ်က တဖြည်းဖြည်းချင်း အသာရနေတာ ဖြစ်ပါတယ်။ 

မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီ လောက်အထိ  AP သတင်းဌာနရဲ့ ဖော်ပြမှုအရ ဒေါ်နယ်ထရမ့်ပ်က ၅၁ ဒသမ ၂ ရာခိုင်နှုန်း  ( ၂၆၇ မဲ) ရရှိနေကာ ကမ်မလာဟားရစ်ကတော့ ၄၇ ဒသမ ၄ ရာခိုင်နှုန်း  (  ၂၂၄ မဲ)  ရရှိနေတာ တွေ့ရပါတယ်။   ဒါကြောင့် ဒေါ်နယ်ထရမ့်က အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ပြည့်ဖို့ ၃ မဲလောက်သာ လိုအပ်တဲ့အနေအထားဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013