DVB Logo
Home
နိုင်ငံတကာ
ရေတွက်ပြီး ဆန္ဒမဲများအရ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က အသာရနေ
DVB
·
November 6, 2024
ရေတွက်ပြီး ဆန္ဒမဲများအရ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က အသာရနေ
Donate to DVB

နိုဝင်ဘာ ၆ ရက် မနက် ၁၁ နာရီထိ ရေတွက်ပြီးစီးသမျှ အမေရိကန် ရွေးကောက်ပွဲ မဲရလဒ်တွေအရ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က ရေတွက်ပြီးသမျှ မဲအားလုံးရဲ့ ၅၁ ရာခိုင်နှုန်းကျော် အနိုင်ရနေပြီး မဲဆန္ဒနယ် ၂၃၀ ကို ရထားပါတယ်။

လက်ရှိဒုသမ္မတလည်းဖြစ်ပြီး ဒီမိုကရက်ပါတီရဲ့ ကိုယ်စားလှယ် ကမ်မလာ ဟားရစ်ကတော့ ရေတွက်ပြီးသမျှ မဲစုစုပေါင်းရဲ့ ၄၇ ဒသမ ၆ ရာခိုင်နှုန်းကို ရထားပြီး မဲဆန္ဒနယ် ၂၀၃ ခုကို ရထားတာပါ။ 

အမေရိကန် ပြည်သူတွေက သူတို့ရဲ့ သမ္မတကို ဘယ်ရှုထောင့်တွေကနေ ချဉ်းကပ်စဉ်းစားပြီး ရွေးချယ်သလဲ ဆိုတာကို မီဒီယာတွေက နိုဝင်ဘာ ၅ ရက်မှာ စစ်တမ်းကောက်ယူထားကြပါတယ်။ 

တိုင်းပြည်အတွက် သိသိသာသာ ခြားနားတဲ့ အမြင်တွေရှိကြတဲ့ သမ္မတလောင်း ကိုယ်စားလှယ် ၂ ယောက်ကြားက တယောက်ကိုရွေးဖို့ သန်းချီတဲ့ အမေရိကန် ပြည်သူတွေက မဲရုံတွေဆီကို သွားခဲ့ကြပါတယ်။ ဘယ်သူပဲ မဲနိုင်သည်ဖြစ်ပါစေ သမိုင်းဝင်မှာပါ။ 

အသက် ၆၀ အရွယ် ကမ်မလာ ဟားရစ်က ပထမဆုံး အမျိုးသမီး လူမည်း တောင်အာရှ-အမေရိကန် ကပြား ရှေ့နေ ဖြစ်ပါတယ်။ အသက် ၇၈ နှစ်အရွယ် ဒေါ်နယ်ထရမ့်ပ်ကတော့ ၂ ကြိမ် စွပ်စွဲပြစ်တင်ခံထားရပြီး ရာဇဝတ်ကြောင်းအရ စီရင်ချက် ချခံရဖူးတဲ့ ပထမဆုံး သမ္မတဟောင်းလည်း ဖြစ်ပါတယ်။

ထရမ့်ပ်သာ အနိုင်ရခဲ့ရင် နှစ် ၁၀၀ အတွင်း တဆက်တည်း မဟုတ်ဘဲ ၂ ကြိမ် ရွေးကောက်ခံရတဲ့ ပထမဆုံး သမ္မတ ဖြစ်လာမှာပ။ 

နယ်စပ်တွေကို လုံခြုံစေဖို့၊ စီးပွားရေးကို ကူညီဖို့နဲ့ အရင်က ရောက်ခဲ့ဖူးတဲ့နေရာကို ပြန်ရဖို့ ထရမ့်ပ်ကို မဲထည့်ခဲ့တယ်လို့ မဲဆန္ဒရှင် လော်ရီ ဆာဗာက ပြောပါတယ်။ 

ထရမ့်ပ်လက်ထက်မှာ စီးပွားရေးက အများကြီး ပိုကောင်းပြီး ရွှေ့ပြောင်းနေထိုင်မှု အရေးက အင်မတန် အရေးကြီးတယ်လို့ မဲဆန္ဒရှင် ဘေဗာရီ ချင်းဟူစတန်က ပြောပါတယ်။

လက်ရှိ ဒီမိုကရက် အစိုးရလက်အောက်မှာ လစာတွေ တိုးသထက် တိုးလာနေပေမဲ့ ကုန်ကျစရိတ်ကို မလောက်ငဘူးလို့ မဲဆန္ဒရှင် နောက်တယောက်က ပြောပါတယ်။

အန်ထော်နီ ဘာတိုလီနိုကတော့ ဒီမိုကရေစီ ဆက်ရှင်သန်ဖို့ ဟားရစ်က မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ကြောင်း၊ တချို့ ပြဿနာတွေရဲ့ အလားအလာတွေကြောင့် အမေရိကန်ကို ဦးဆောင်ဖို့ အကောင်းဆုံးလူလို့ ထင်တယ်လို့ ပြောပါတယ်။

ထရမ့်ပ်ဟာ သဘောထားကွဲစေပြီး ပြတ်သားတဲ့ ကိစ္စတွေကို ပြောခဲ့လို့ လူသားတယောက်အနေနဲ့ ကျင့်ဝတ်အရ မထောက်ခံနိုင်ဘူးလို့ အသက် ၂၇ နှစ်အရွယ် ဂရေ့စ် နေနေဘီက ပြောပါတယ်။  

လူမှုလုံခြုံရေး ကြီးကြပ်ရေးမှူး ထရစ္စတန် ပေါလ်ကတော့ သာမန်လူတယောက်အတွက်သာမက အနာဂတ် မျိုးဆက်အတွက်ပါ ပိုကောင်းတဲ့ အရာတွေကို လုပ်မယ့်သူအဖြစ် ဟားရစ်ကို ယုံတယ်လို့ ပြောပါတယ်။ 

အသက် ၅၁ နှစ်အရွယ် မိုက်ကယ် လောင်းဂ်ကတော့ ထရမ့်ပ်ဟာ စီးပွားရေးသမားဖြစ်ပြီး နည်းနည်း ညစ်ပတ် ကြမ်းတမ်းတယ်၊ တချို့ အဂတိလိုက်စားမှုတွေကို တူးဖော်ဖို့ ဒီလို လူစားမျိုးကို အခု ကျနော်တို့ လိုအပ်တယ်ထင်တယ်လို့ ပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013