DVB Logo
Home
မြန်မာသတင်း
အမည်ပျက်စာရင်းမပါသူများကို ရန်ကုန်လေဆိပ်၌ မှားယွင်းတားဆီး
DVB
·
November 6, 2024
အမည်ပျက်စာရင်းမပါသူများကို ရန်ကုန်လေဆိပ်၌ မှားယွင်းတားဆီး
Donate to DVB

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်ပထွက်ခွာခွင့် Black List (အမည်ပျက်စာရင်း) မပါ သူတွေကို မှားယွင်း ပိတ်ပင်တားဆီးတာရှိနေတယ်လို့ ပြည်ပကို ထွက်ခွာမယ့် လုပ်ငန်းရှင်တချို့ထံက သိရပါတယ်။

လက်ရှိ ရန်ကုန်လေဆိပ်အတွင်း စစ်ကောင်စီရဲ့ အဖွဲ့အစည်းပေါင်းစုံက စုပေါင်းစိစစ်တာတွေ လုပ်ဆောင်နေပြီး သတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်မှု အားနည်းနေတယ်လို့  လေဆိပ်ကနေ ပြည်ပထွက်ခွာခွင့်တားခံခဲ့ရသူ တယောက်က ပြောပါတယ်။

“စာရွက်စာတမ်းအစုံပါတာတောင် အပိတ်ခံရတယ်။ ဘာအတွက်လဲ မေးတော့လည်း သေချတဲ့ အကြောင်းပြချက်ကို မပြောဘူး။ တော်တော်လေးကိုဒုက္ခရောက်တယ်။  လွတ်လွတ်ကင်းကင်း ထွက်လို့ရအောင် ကြိုပြီးလမ်းကြောင်းရှင်းရတာတွေလည်း ရှိတယ်လို့ ကြားမိတယ်။” 

စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Black List (အမည်ပျက်စာရင်း) မပါသူတွေကို မှားယွင်းတားဆီးမှု မရှိရေး အလေးထားဆောင်ရွက်ကြဖို့ ဝန်ထမ်းတွေကို ပြောဆိုထားကြောင်း နိုဝင်ဘာ ၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ 

ရန်ကုန်လေဆိပ်က တာဝန်ကျဝန်ထမ်းတွေအနေနဲ့ စာရွက်စာတမ်း ပြည့်စုံပေမဲ့ ပြည်ပထွက်ခွာခွင့် မပြုတာ၊ ထင်ရှားကျော်ကြားသူတွေကို ပြည်ပထွက်ခွာခွင့် တားမြစ်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ပြည်ပထွက်ခွာခွင့် တားဆီးခံခဲ့ရသူတွေဆီက သိရပါတယ်။ 

အလားတူ နိုဝင်ဘာ ၄ ရက်ကလည်း အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းဟာ မန္တလေး လေဆိပ်က ထိုင်းနိုင်ငံကို ထွက်ခွာဖို့ ကြိုတင်အကြောင်းကြားထားတာ မရှိလို့ဆိုကာ ပတ်စ်ပို့ သိမ်းခံရပြီး လေဆိပ်ကနေ လှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စီးပွားရေးအသင်းအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အစည်းအဝေး၊ စီးပွားရေးကိစ္စ၊ ဖိုရမ်၊ ဆေးစစ်၊ ဘုရားဖူး၊  အလည် စတာတွေနဲ့ ပြည်ပထွက်ခွာလိုသူတွေဟာ ကြိုတင်ခွင့်ပြုချက် ယူရမယ်လို့ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက စည်းကမ်းထုတ်ပြန်ထားသလို အခုနှစ်အစပိုင်းက စတင်ကာ ပြည်ပထွက်ခွာမှုအပေါ် တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013