DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်တိတိကျကျထွက်ရန် အချိန်ကြာနိုင်
DVB
·
November 5, 2024
အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်တိတိကျကျထွက်ရန် အချိန်ကြာနိုင်
Donate to DVB

အမေရိကန်ပြည်သူတွေဟာ ၄၇ ဆက်မြောက် သမ္မတကို ရွေးကောက်တင်မြှောက်ဖို့  ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက်မှာ မဲရုံတွေဆီ သွားရောက် မဲပေးကြမှာဖြစ်ပါတယ်။

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်နဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်တို့ ၂ ယောက်အကြား ကွာဟချက် အင်မတန်ကျဉ်းမြောင်းနေတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

ဒါကြောင့် ဘယ်သူနိုင်မလဲဆိုတာ ရလဒ်တိတိပပထွက်လာဖို့ အချိန်ကြာမြင့်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

သေချာနေတာက တခုပဲရှိပြီး အဲဒါကတော့ ဘယ်သူပဲနိုင်နိုင် အမေရိကန်သမိုင်းမှာ ၄၇ ဆက်မြောက် သမ္မတအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ၄၅ ဆက်မြောက် သမ္မတဖြစ်ခဲ့ပေမဲ့ ဒီတကြိမ်ထပ်နိုင်ရင် ၄၇ ဆက်မြောက် သမ္မတအဖြစ်ပဲ စာရင်းသွင်းမှာဖြစ်သလို ဟားရစ် နိုင်ရင်လည်း ၄၇ ဆက်မြောက်လို့ပဲ သတ်မှတ်မှာဖြစ်ပါတယ်။

အစဉ်အလာအရ အကြားအလတ်မရှိ ၂ ကြိမ်ဆက် သမ္မတဖြစ်ခဲ့ကြတဲ့ ၄၂ ဆက်မြောက် သမ္မတ ဘီလ်ကလင်တန်၊ ၄၃ ဆက်မြောက် သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်၊ ၄၄ ဆက်မြောက် သမ္မတ ဘာရတ်အိုဘားမား တို့ကို တဆက်စီပဲ သတ်မှတ်ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲသမိုင်းမှာ တကြိမ်နိုင်၊ တကြိမ်ပြန်ရှုံး၊ နောက်တကြိမ်မှ ပြန်နိုင်တဲ့ တယောက်တည်းသော ပုဂ္ဂိုလ်ဖြစ်တဲ့ ဂရိုဗာ-ကလိဗ်လန်းဆိုရင် ၂၂ ဆက်မြောက်နဲ့ ၂၄ ဆက်မြောက် သမ္မတအဖြစ် သတ်မှတ်ခံရပါတယ်။

ဒါကြောင့် အမေရိကန်သမိုင်းမှာ သမ္မတ ၄၆ ဆက်ရှိပေမဲ့ သမ္မတဖြစ်တဲ့သူက ၄၅ ယောက်ပဲ ရှိတာဖြစ်ပါတယ်။

ဒါကြောင့် ထရမ့်ပ် နိုင်ရင်လည်း ကလိဗ်လန်းနည်းတူ သတ်မှတ်ခံရမှာဖြစ်ပါတယ်။

သမ္မတကျမ်းကျိန်ပွဲ အကြိမ်ရေကတော့ ဒီတခေါက်မှာ အကြိမ် ၆၀ မြောက် ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013